Connect with us

Asia

ကပ်ရောဂါကြားက ဖိလစ်ပိုင်ရွေးကောက်ပွဲ မဲဆွယ်မှုစတင်

သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ဒုတိယသမ္မတမာရီယာလီယိုနာရိုဘရီဒို (Maria Leonor Robredo) အား ထောက်ခံကြောင်း အလုပ်သမားများ နှင့် အလုပ်သမားခေါင်းဆောင်များက မနီလာမြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အင်အားပြနေစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

လာမည့် မေ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲအတွက် ဖိလစ်ပိုင်နိုင်ငံတွင် မဲဆွယ်စည်းရုံးမှုကို ဖေဖော်ဝါရီ ၇ ရက်တွင် တရားဝင်စတင်လိုက်ပြီဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲတွင် အနိုင်ရသူသည် လာမည့် ၆ နှစ်တာ သက်တမ်းကို ဖိလစ်ပိုင်သမ္မတအဖြစ် နိုင်ငံကို ဦးဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားသို့ရောက်ရှိနေသော မဲဆန္ဒရှင် ၁.၈ သန်းအပါအဝင် ဖိလစ်ပိုင်ပြည်သူ အနည်းဆုံး ၆၇.၅ သန်းသည် ရွေးကောက်ပွဲ၌ မဲပေးကြရန် စာရင်းပေးသွင်းထားသည်။ ၎င်းတို့သည် ဒုတိယသမ္မတ ၊ လွှတ်တော်အမတ် ၃၀၀ ခန့် နှင့် ဒေသဆိုင်ရာအစိုးရအရာရှိနေရာ ၁၈,၀၀၀ ကျော်အတွက်လည်း မဲပေးရွေးချယ်သွားကြမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သမ္မတလောင်း ၁၀ ဦး နှင့် ဒုတိယသမ္မတလောင်း ၉ ဦး အမည်စာရင်းတင်သွင်းထားသည်။ စစ်တမ်းများအရ သမ္မတနေရာအတွက် ယခင်သမ္မတ(ဟောင်း) ဖာဒီနန်မားကို့စ်၏ သားဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဖာဒီနန်မားကိုစ့်ဂျူနီယာသည် (ထင်ကြေးမဲရလဒ်) တွင် ထိပ်ဆုံးနေရာမှ ဦးဆောင်နေပြီး ၊ ယင်းနောက်တွင် အသက် ၅၆ နှစ်အရွယ် လက်ရှိ ဒုတိယသမ္မတမာရီယာလီယိုနာရိုဘရီဒို (Maria Leonor Robredo) ၊ မနီလာမြို့တော်ဝန် ဖရန်စစ္စကိုဒိုမာဂိုဆို (Francisco Domagoso) ၊ ဆီးနိုတ်လွှတ်တော်အမတ် လက်ဝှေ့ကျော် မန်နီပက်ကွီအို (Manny Pacquiao) ၊ ဆီးနိုတ်လွှတ်တော်အမတ် ပန်ဖီလိုလက်စ်ဆန် (Panfilo Lacson) နှင့်အခြား ၅ ဦးက အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ နှင့် ဒုတိယသမ္မတကို သီးခြားဆီ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ လက်ရှိသမ္မတ ဒူတာတေး၏ သမီးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒါဗို့မြိုတော်ဝန်ဆာရာဒူတာတေး-ကာပီယိုသည် မားကို့စ်ဂျူနီယာ၏ ဒုတိယသမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လာမည့် ဇွန်လတွင် သမ္မတ သက်တမ်း ၆ နှစ် ကုန်ဆုံးတော့မည့် ဒူတာတေးအနေဖြင့် မည်သည့် သမ္မတလောင်းနေရာအတွက်မျှ အမည်စာရင်းတင်သွင်းထားခြင်းမရှိပေ။ ယခင်ရွေးကောက်ပွဲများကဲ့သို့ပင် အချို့သမ္မတလောင်းများသည် မဲဆွယ်ကာလ တရားဝင် မစတင်ခင် လအတန်ကြာတည်းကပင် ရုပ်မြင်သံကြား ၊ လူမှုကွန်ရက် နှင့် ရေဒီယိုတို့မှ တဆင့် ရွေးကောက်ပွဲမဲဆွယ်ဟောပြောမှုများကို စတင်လုပ်ဆောင်နေကြပြီးဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာလ အစောပိုင်းတွင် ထောက်ခံသူများသည် လူမှုကွန်ရက်အစီအစဉ်များပေါ်တွင် ကြော်ငြာခြင်း နှင့် တီဗီဖန်သားပြင်ပေါ်တွင် မြှင့်တင်ခြင်း ၊ လက်ဆောင်ပစ္စည်း နှင့် ငွေသားများ ပေးအပ်ခြင်း စသည့်နည်းလမ်းများဖြင့် ၎င်းတို့ထောက်ခံသော သမ္မတလောင်းများအတွက် စည်းရုံးရေးများ စတင်လုပ်ဆောင်ခဲ့ကြသည်။ သမ္မတလောင်းအမည် နှင့် ရုပ်ပုံများ ပါဝင်သော ဧရာမကြော်ငြာဘုတ်ကြီးများ(ဘီလ်ဘုတ်)များကို အဝေးပြေးလမ်းမများပေါ်တွင် စိုက်ထူထားကြသည်။

သို့သော်လည်း ယခင်ရွေးကောက်ပွဲမဲဆွယ်မှုနှင့်မတူညီသောအချက်မှာ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိရန်အတွက် ၎င်းတို့အဓိက အလေးထားသော မြို့ကြီးမြို့ငယ်များသို့ သွားရောက်ကာ အချစ်သီချင်းများသီဆိုဖျော်ဖြေခြင်း ၊ ကလေးငယ်များချီပွေ့ခြင်း ၊ စင်မြင့်ပေါ်တွင် ကခုန်ခြင်းစသည့် မဲဆွယ်သည့်နည်းလမ်းများကို ပြုလုပ်တော့မည်မဟုတ်ဟု မျှော်လင့်ရသည်။

COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်ရည်ရွယ်၍ နိုင်ငံရေးသမားများအနေဖြင့် လူနေအိမ်များထဲဝင်ရောက်စည်းရုံးခြင်း ၊ အုံလိုက်ကျင်းလိုက်ပြုမူခြင်း ၊ လက်ဆွဲနှုတ်ဆက်ခြင်း ၊ ပွေ့ဖက်ခြင်း ၊ အနမ်းပေးခြင်း သို့မဟုတ် မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းခြင်း ထိတွေ့မှုမျိုးကို မဆို မပြုလုပ်ရဟု ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်အမိန့်ထုတ်ပြန်ထားသည်။

ထို့ပြင် ဆဲလ်ဖီပုံများ နှင့် ဓာတ်ပုံများရိုက်ကူးခြင်း ၊ လူအများနှင့် ထိတွေ့ရန်လိုအပ်သော လှုပ်ရှားမှုများပြုလုပ်ခြင်း အပါအဝင် အစားအစာနှင့်ရေများ ဝေငှဖြန့်ဖြူးခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။

COVID-19 ကပ်ရောဂါခြိမ်းခြောက်ခြင်းနှင့်အတူ ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်ရန်အတွက် ဒီဂျစ်တယ်ပလက်ဖောင်းများကို ပို၍အသုံးပြုမည်ဖြစ်သလို စုစုပေါင်း မဲပေးရန် စာရင်းသွင်းထားသူများအနက် ထက်ဝက်ကျော်ဖြစ်သော လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရန် လူမှုကွန်ရက်မီဒီယာ အကြံပေးများ ငှားရန်းခန့်အပ်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်သွားကြဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

တစ်ချိန်တည်းမှာပင် သုံးလတာကြာမြင့်မည့် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများသည် လာမည့်ရက်များတွင် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ပို၍ ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။ (Xinhua)

………………………………..
(English Version)

Election campaign kicks off in Philippines amid pandemic

MANILA, Feb. 8 (Xinhua) — Campaign for presidential election formally kicked off in the Philippines on Tuesday, three months ahead of the voting on May 9 to choose a new president that will lead this Southeast Asian country in the next six years.
At least 67.5 million Filipinos have registered to vote, including 1.8 million voters overseas. They will also elect the vice president, about 300 lawmakers, and over 18,000 positions as local officials.
There are 10 presidential candidates and nine candidates for the vice president. According to surveys, Ferdinand Marcos Jr., 64, the son of former President Ferdinand Marcos, is leading in the opinion polls. Trailing behind him are 56-year-old incumbent Vice President Maria Leonor Robredo, Manila City Mayor Francisco Domagoso, Senator Manny Pacquiao, Senator Panfilo Lacson, and five others.
In the Philippines, the president and vice president are elected separately. Davao City Mayor Sara Duterte-Carpio, 43, daughter of President Rodrigo Duterte, will run for vice president as the running mate of Marcos Jr..
Duterte, whose six-year term ends in June, has yet to endorse any presidential candidate.
Like in past elections, some candidates already started campaigning on television, social media, and radio months before the campaign season started.
As early as October, presidential aspirants have begun crisscrossing the archipelago to dole out goodies and cash, launch TV promotions and roll out social media advertising programs. The candidates’ names and pictures are displayed on giant billboards along major highways.
However, unlike in the past, the candidates are not expected to barnstorm cities and towns, croon love songs, hug babies, and dance on stage to win votes.
The Commission on Elections has imposed restrictions in order to contain the spread of COVID-19, barring politicians from entering houses, crowding, handshakes, hugs, kissing, or any actions that involve physical contact.
Even taking selfies and photographs, activities that require proximity with people, as well as distribution of food and drinks are prohibited.
With the COVID-19 threat, the candidates are expected to be more prominent in digital platforms and hire social media savvy advisers to woo the youth, who comprise more than half of the total registered voters.
Meanwhile, the crescendo of campaign rhetoric and mudslinging is also expected to intensify in the coming days as the three-month campaign unfolds. Enditem

Photo – Workers and labor leaders show support for the candidacy of Vice President Leni Robredo during the march in Manila on Nov. 30, 2021,