Connect with us

Asia

နွေဦးပွဲတော်ကာလအတွင်း တရုတ်-လာအို ရထားလမ်းက နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှု ပမာဏ တန်ချိန် ၂၀,၀၀၀ ကျော်ရှိခဲ့

တရုတ်-လာအို ရထားလမ်း (ချိန်ယွီ-ဗီယန်ကျင်း) ၏ ပထမဆုံး နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားကို ချုံချင့်အပြည်ပြည်ဆိုင်ရာအချက်အချာဇုန်တွင် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကူမင်းအကောက်ခွန်ရုံးမှ စစ်ဆေးပြီး မောင်းနှင်သွားလာသည့် တရုတ်-လာအို နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားအစီးရေ ၄၂ စီးရှိပြီး စုစုပေါင်းကုန်စည်တင်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၂၀,၃၀၀ ခန့်နှင့် စုစုပေါင်းတန်ဖိုး ယွမ် ၂၁၇ သန်းရှိကြောင်း ကူမင်းအကောက်ခွန်ရုံး၏ ဖေဖော်ဝါရီ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
နွေဦးပွဲတော်ကာလအတွင်း တရုတ်-လာအို ရထားလမ်းဖြင့် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားများမှ အဓိက သယ်ယူပို့ဆောင်သည့် ကုန်စည်များတွင် မီးကြိုးများ၊ ဆာဗာများ အစရှိသည့် ကုန်ပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ကူမင်း၊ ချုံချင့်၊ နန်ကျင်း၊ ရိဝူး၊ ဆန်းကျန့်စသည့် ဒေသများမှ တင်သွင်သည့် သဘာဝရော်ဘာ၊ ပီလောပီနံ ၊ သံသတ္တုရိုင်းစသည်တို့ လည်းပါဝင်ကြောင်း သိရသည်။ နွေဦးပွဲတော်ကာလအတွင်း တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှု ဘေးကင်းလုံခြုံပြီး အကောက်ခွန်ဌာနမှ မြန်ဆန်စွာ ဖြတ်သန်းနိုင်ရန်အတွက် ကူမင်းအကောက်ခွန်ရုံးသည် သက်ဆိုင်ရာဌာနအသီးသီနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တရုတ်-လာအို ရထားလမ်း၏ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားများ စတင်ပြေးဆွဲချိန်မှစ၍ ဖေဖော်ဝါရီ ၆ ရက်အထိ ကူမင်းအကောက်ခွန်ရုံးမှ မောင်းနှင်သွားလာသည့် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထား အစင်းရေ ၃၀၀ ခန့်ရှိပြီဖြစ်ကာ စုစုပေါင်း ကုန်စည်ပို့ဆောင်မှု ပမာဏ တန်ချိန် ၁၂၆,၆၀၀ ခန့် နှင့် စုစုပေါင်းတန်ဖိုး ယွမ် ၁.၈၆၃ ဘီလီယံရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
春节期间中老铁路国际货运量超2万吨
2022-02-07 18:04:32 分类: 行业经济
昆明海关7日发布消息,1月31日至2月6日,经昆明海关监管验放中老铁路国际货物列车42列,总货运量约2.03万吨,总货值2.17亿元人民币。
据介绍,春节期间,中老铁路国际货物列车运载的出口货物主要有准轨铁路客车、电力连接线、服务器等百余种商品,来自昆明、重庆、南京、义乌、深圳等地,进口货物主要有天然橡胶、木薯淀粉、铁矿石等。为保障春节期间中老铁路国际货运安全高效通关,昆明海关加强与各相关部门协作配合,确保各项工作顺利开展。
自中老铁路国际货运开通运营以来,截至2月6日,经昆明海关监管验放的中老铁路国际货物列车已达300列,总货运量约12.66万吨,总货值18.63亿元人民币。(记者姚兵)
图说- 12月4日,中老铁路(成渝—万象)国际货运首发班列从重庆国际枢纽园区发出(无人机照片)。 新华社记者 唐奕 摄