Connect with us

Africa & Middle East

အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်း ၁၀ ဦးကို သတ်ဖြတ်ခဲ့

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းရှိ Jenin မြို့၌ အစ္စရေးစစ်တပ် တိုက်ခိုက်ပြီးနောက် အပျက်အစီးများအား ရှာဖွေကြည့်ရှုနေသူများကို ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းရှိ နေရာအများအပြားတွင် ဩဂုတ် ၅ ရက် ညပိုင်း မှ ၆ ရက်အထိ စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းရှိ Aqaba မြို့နယ်၌ အစ္စရေးစစ်တပ်က ဩဂုတ် ၅ ရက် ညပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိကာ ယင်းအနက် ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ဘက်ရှိ Jenin မြို့၌ ဩဂုတ် ၆ ရက်တွင် လူ ၅ ဦးကို ဗုံးခွဲသတ်ဖြတ်ခဲ့ကြောင်း၊ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း တောင်ဘက်ရှိ Bethlehem မြို့ အနီးတွင်လည်း ဩဂုတ် ၆ ရက်က လူ ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
ထို့ပြင် အစ္စရေး စစ်လေယာဉ်များက Jenin မြို့ရှိ ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)


…………………………………………………
(Chinese Version)
以军在约旦河西岸打死10名巴勒斯坦人
新华社拉姆安拉8月6日电(记者黄泽民)巴勒斯坦卫生部6日发表声明说,以色列军队5日晚至6日在约旦河西岸多地开展行动,导致10名巴勒斯坦人死亡。
声明说,以军5日晚在约旦河西岸北部的亚喀巴镇开枪打死4人,另有7人受伤,其中2人伤势严重。以军6日在约旦河西岸北部城市杰宁炸死5人。以军6日还在约旦河西岸南部城市伯利恒附近开枪打死1人。
以军6日发表声明说,以战机在杰宁空袭了巴勒斯坦武装人员。(完)
图说:8月6日,在约旦河西岸城市杰宁,人们查看以军袭击后的废墟。