Connect with us

Asia

Han Duck-soo တောင်ကိုရီးယား သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာ

ဆိုးလ်၊ မေ ၂ ရက် (ဆင်ဟွာ)
သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစွန်းကုန် တွန်းအားပေးဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo က မေ ၂ ရက်တွင် ကြေညာခဲ့သည်။
Han Duck-soo က ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဆုံးဖြတ်ချက်ကို ယင်းနေ့က လွှတ်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သမ္မတအဖြစ် အောင်မြင်စွာ ရွေးချယ်ခံရပါက ၎င်းတာဝန်ထမ်းဆောင်သည့် ပထမနေ့တွင် သမ္မတ တိုက်ရိုက်လက်အောက်ခံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု ပံ့ပိုးရေးအဖွဲ့ကို တည်ထောင်သွားမည် ဖြစ်ကာ အခြေခံဥပဒေပြင်ဆင်မှု အောင်မြင်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။ ၎င်း၏သမ္မတသက်တမ်း ပထမနှစ်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ရေးဆွဲသွားမည်ဖြစ်သလို ဒုတိယနှစ်တွင်မူ အခြေခံဥပဒေပြင်ဆင်ရေး ပြီးမြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး တတိယနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးနောက် သမ္မတရာထူးမှချက်ချင်း နုတ်ထွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Han Duck-soo သည် မေ ၁ ရက်က ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့ရာ ယာယီသမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ကြေညာခဲ့ရာ ယွန်းဆက်ယို ရာထူးမှ ချက်ချင်းဖယ်ရှားခံခဲ့ရသည်။ သမ္မတအသစ် ရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo ဆိုးလ်မြို့ရှိ လွှတ်တော်တွင် သတင်းစာရှင်းလင်းပွဲတက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo ဆိုးလ်မြို့ရှိ လွှတ်တော်သို့ သတင်းစာရှင်းလင်းပွဲတက်ရောက်ရန် ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
韩德洙宣布参选新一届韩国总统
新华社首尔5月2日电(记者陆睿 黄昕欣)韩国前国务总理韩德洙2日宣布参加新一届总统选举,并承诺将全力推进修宪。
韩德洙当天在国会举行记者会宣布了参选决定。他承诺,如果成功当选总统,他将在开启任期首日成立总统直属的修宪支援机构,全力推进修宪成功。他将在任期第一年制定修宪案,第二年完成修宪,并将在第三年依据新的宪法举行国会选举和总统选举后立即辞去总统职务。
韩德洙5月1日发表对国民谈话,宣布辞去代总统和国务总理职务。
4月4日,韩国宪法法院宣布通过弹劾总统尹锡悦的裁决,尹锡悦即刻被罢免总统职务。新一届总统选举将于6月3日举行。(完)
1,2. 5月2日,韩国前国务总理韩德洙在首尔的国会出席新闻发布会。新华社记者 姚琪琳 摄
3. 5月2日,韩国前国务总理韩德洙抵达首尔的国会出席新闻发布会。新华社记者 姚琪琳 摄