Connect with us

Europe

စပိန်နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၂ ယောက်ထပ်မံတွေ့ရှိ

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ Plaza Catalunya တွင် လူများလမ်းလျှောက်သွားလာနေသည်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

မက်ဒရစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ၌ မျောက်ကျောက်ရောဂါထပ်မံကူးစက်ခံရသော အတည်ပြုလူနာ ၁၂ ဦး ရှိကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စပိန်နိုင်ငံ၌ စုစုပေါင်း ကူးစက်ခံရသူ ၁၃၂ ဦးအထိ တိုးလာခဲ့ကြောင်း သိရသည်။စပိန်နိုင်ငံသည် ဗြိတိန်နိုင်ငံပြီးလျှင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်လာကြောင်း သိရသည်။ကျန်းမာရေး ဝန်ကြီးဌာနမှ ရောဂါကူးစက်ခံရသော အတည်ပြုလူနာများ၏ ရောဂါဖြစ်ပွါးမှု ဇစ်မြစ်ကိုအသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်းအနည်းဆုံး ၉၆ ဦးမှာ Madrid ဒေသမှဖြစ်ပြီး Canary ကျွန်းမှ၆ ဦး၊ Catalonia ဒေသမှ ၉ဦး၊ Basque ဒေသမှ ၃ ဦး ၊Andalusia ဒေသမှ ၄ဦးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော Aragonဒေသ နှင့် Galicia ဒေသတို့မှ ၁ဦးစီကူးစက်ခံခဲ့ရကြောင်း သိရသည်။

အတည်ပြုလူနာအားလုံးမှာ အပျော့စားလက္ခဏာများသာ ခံစားရကြောင်း နှင့် ၎င်းတို့အား အိမ်များတွင် သီးခြားခွဲခြားထားကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ အနီးကပ်ထိတွေ့ခြင်းနှင့် ဒဏ်ရာများ၊ ခန္ဓာကိုယ်မှ အရည်များ၊ အသက်ရှူလမ်းကြောင်းမှဝင်နိုင်သော အမှုန်အမွှားများနှင့် ညစ်ပတ်သောအိပ်ရာ အသုံးဆောင်များမှတဆင့် ကူးစက်နိုင်ကြောင်း သိရသည်။ (Xinhua)

——————————-

(English Version)

Spain confirms 12 more monkeypox cases
MADRID, June 1 (Xinhua) — The Spanish Ministry of Health on Tuesday confirmed 12 new monkeypox cases, raising the total caseload to 132.
Spain, followed by Britian, becomes the country with the most detected cases of the disease in the current outbreak.
Although the health ministry did not detail the origin of the positive cases, at least 96 were from the Madrid Region, while six are from Canary Islands, nine from Catalonia, three from the Basque region, four from Andalusia and one each from the Autonomous Communities of Aragon and Galicia.
All of the patients are reported to suffer from mild symptoms and are being isolated at home.
According to the World Health Organization, monkeypox virus is transmitted from one person to another by close contact with lesions, body fluids, respiratory droplets and contaminated materials such as bedding. Enditem