Connect with us

Europe

ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပြီး ရုရှားစွမ်းအင် အားထားမှုမှ ရုန်းထွက်ရန် ဥရောပသမဂ္ဂ ဆုံးဖြတ်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ဘယ်)နှင့် ဥရောပ ကောင်စီ ဥက္ကဋ္ဌCharles Michelတို့ ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

နှစ်ရက်ကြာ ကျင်းပခဲ့သည် ဥရောပသမဂ္ဂ(EU)ထိပ်သီးဆွေးနွေးပွဲသည်မေ ၃၁ ရက်တွင် ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲတွင် ရုရှားရေနံ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့တားမြစ်ခြင်း အပြင် ဥရောပသမဂ္ဂက မိမိ၏ကာကွယ်ရေးစွမ်းရည် တိုးမြှင့်၍ ရုရှားစွမ်းအင် အားထားနေရမှုမှ ရုန်းထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ရုရှား၏ယူကရိန်းစစ်ရေးလှုပ်ရှားမှုသည် ဥရောပသမဂ္ဂ၏မဟာဗျူဟာ ပတ်ဝန်းကျင်းကို ကြီးမားစွား ပြောင်းလဲလိုက်ခြင်း ဖြစ်ရာ ဥရောပသမဂ္ဂ၏လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍက ပို၍ အင်အားတောင့်တင်းရန် လိုအပ်ကြောင်း အဆွေးနွေးပွဲအပြီး ဥရောပသမဂ္ဂကောင်စီ ထုတ်ပြန်သည့် စာရွက်စာတမ်းတွင် ဖော်ပြထားသည်။ “မဟာဗျူဟာ သံလိုက်အိမ်မြောင်”လှုပ်ရှားမှုကို ဥရောပသမဂ္ဂက ခိုင်မာစွာ ဖော်ဆောင်သွားမည် ဖြစ်ပြီး အတ္တလန်တိတ် ဖြတ်ကျော် ဆက်ဆံရေးနှင့် EU-NATO ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်၍ ခံနိုင်ရည်စွမ်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂရုံးချုပ်၏ မြင်ကွင်းအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အရေးပေါ်ကိစ္စရပ်အဖြစ် ရေတိုကာကွယ်ရေးလိုအပ်ချက် ဝယ်ယူမှုများကို ညှိနှိုင်းသွားမည်ဖြစ်ပြီး သိုလှောင်ရေးကို ဖြည့်ဆည်းရန် ပူးတွဲ ဝယ်ယူမှုများကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း အထူးသဖြင့် ယူကရိန်းသို့ ပံ့ပိုးမှုများ ပေးသွားမည်ဖြစ်ကြောင်း ၊ NATOနှင့်အပြန်အလှန် ဖြည့်ဆည်းမည့် ဥရောပသမဂ္ဂ အမျိုးသားကာကွယ်ရေးမဟာဗျူဟာအစီအစဉ်များရေးဆွဲကာ စစ်ဘက်ဆိုင်ရာ ရွှေ့လျားနိုင်မှုအခြေခံအဆောက်အဦ စီမံကိန်းစသည်တို့ကို အရှိန်မြှင့်တင်ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

“REPowerEU”ဟု အမည်ပေးထားသည့် စွမ်းအင် အစီအစဉ်သည် ရုရှား ရုပ်ကြွင်းစွမ်းအင်အားထားရမှုကို တစ်စတစ်စ ရုန်းထွက်ရန်နှင့် စွမ်းအင် အသွင်ပြောင်းခြင်းကို အရှိန်မြှင့်တင်၍ ပို၍ ခံနိုင်ရည်အားရှိသော စွမ်းအင်စနစ်နှင့် အပြန်အလှန်ချိတ်ဆက်မှုရှိသော စွမ်းအင်မဟာမိတ်တည်ဆောက်ရန် ဖြစ်ကြောင်း ဆိုသည်။ အသေးစိတ် လုပ်ဆောင်ချက်များတွင် စွမ်းအင်ပံ့ပိုးမှု အသွင်စုံလင်ရေးကို ဖော်ဆောင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတည်ဆောက်မှုကို အရှိန်မြှင့်တင်ရန် ၊ စွမ်းအင်ထိရောက်မှုကို တိုးမြှင့်ရန်၊ သဘာဝဓါတ်ငွေ့ရည်နှင့် အနာဂတ်ကိုမျက်နှာမူသည့် လျှပ်စစ်ဓါတ်အားနှင့်ဟိုက်ဒရိုဂျင်အပါအဝင် ဥရောပတစ်ခွင် စွမ်းအင်ကွန်ရက် ရင်းနှီးမြှုပ်နှံမှုနှင့်ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။

ယူကရိန်း လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမြှင့်တင်ရေး ဥရောပသမဂ္ဂက ယူကရိန်းလယ်ယာစိုက်ပျိုးရေးဌာနကို တက်ကြွစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို အာမခံကြရန် နှိုးဆော်ကြောင်း ၎င်းစာရွက်စာတမ်းတွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက မေ ၃၀ ရက် ညပိုင်းတွင် ရုရှားအပေါ် ဆဋ္ဌမအကြိမ် ပိတ်ဆို့ရေးအတွက် သဘောတူညီမှုရရှိခဲ့ရာတွင် ရေနံပိုက်လိုင်းပံ့ပိုးမှုကို ခေတ္တထားခြင်းမှလွဲ၍ ရုရှား ရေနံ ၇၅ ရာခိုင်နှုန်း တင်သွင်းမှုကို ချက်ချင်း ပိတ်ဆို့မည်ဖြစ်ကြောင်း သိရသည်။

ရုရှားငွေကြေးအရင်းအမြစ် လျှော့ချရေးနှင့် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေး အဆုံးစွန် ဖိအားပေးရေးအတွက် ယခုနှစ်ကုန်ပိုင်းမတိုင်မီ ဥရောပသမဂ္ဂက ရုရှားရေနံတင်သွင်းမှုကို ၉၀ ရာခိုင်နှုန်း လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)

(国际)欧盟决定提高防务能力摆脱对俄能源依赖
2022-06-01 06:07:27
新华社布鲁塞尔5月31日电(记者任珂)为期两天的欧盟特别峰会5月31日结束。除决定对俄罗斯实施部分石油禁运外,欧盟还决定增强自身防务能力,逐渐摆脱对俄能源依赖。
欧洲理事会在会后发布的文件中说,俄罗斯对乌克兰的军事行动导致欧盟的战略环境发生重大变化,欧盟需要在安全和防务领域变得更强大。欧盟将坚决落实“战略指南针”行动计划,加强跨大西洋关系和欧盟-北约合作,并增强其韧性。
文件说,作为紧急事项,欧盟将协调非常短期的防务采购需求,支持联合采购以补充库存,尤其是要向乌克兰提供支持;制定与北约互补的欧盟国防战略规划,加速实施军事机动基础设施项目等。
文件说,欧盟将贯彻名为“REPowerEU”的能源计划,逐步摆脱对俄罗斯化石能源的依赖,加快能源转型,建设更具韧性的能源系统和互联互通的能源联盟。具体措施包括实现能源供应多元化,加速可再生能源项目建设,提高能源效率,投资和完善包括液化天然气以及面向未来的电力和氢气在内的全欧能源网络等。
文件说,欧盟将积极采取措施支持乌克兰农业部门,促进乌农产品出口,并呼吁加强国际协调合作,确保全球粮食安全。
欧盟成员国领导人5月30日晚就对俄罗斯第六轮制裁达成一致,将立即禁止进口75%的俄罗斯石油,通过管道供应的石油暂时例外。在今年年底前欧盟从俄罗斯进口的石油将削减90%,以减少俄资金来源,给俄罗斯施以“最大压力”结束俄乌冲突。(完)

图说1:5月31日,在比利时布鲁塞尔,欧盟委员会主席冯德莱恩(左)和欧洲理事会主席米歇尔在欧盟特别峰会后举行新闻发布会。新华社记者 郑焕松 摄

图说2:5月31日,记者在比利时布鲁塞尔的欧盟总部工作。新华社记者 郑焕松 摄