Connect with us

China

တရုတ်-အလယ်အာရှ ပိုက်လိုင်းက သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၄၀၀ ကျော် ပို့လွှတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ဝေဂါ ကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ Horgos မြို့ရှိ တရုတ် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက် ကော်ပိုရေးရှင်း (PipeChina) အောက်ရှိ West Pipeline ကုမ္ပဏီ၏ Horgos ကနဦးကွန်ပရက်ဆာခန်းတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဂဟေဆော်ခြင်းနည်းပညာဆိုင်ရာ အကြံဉာဏ်ချင်း ဖလှယ်နေသော အလုပ်သမားများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူလူမုချိ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်-အလယ်အာရှ ဓာတ်ငွေ့ပိုက်လိုင်းမှ အချိန် ၁၂ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၄၀၀ ကျော် ပို့လွှတ်ခဲ့ကြောင်း PipeChina West Pipeline ကုမ္ပဏီအရ သိရသည်။

အဆိုပါ ပိုက်လိုင်းသည် ယင်းကာလအတွင်း ကျောက်မီးသွေး တန်ချိန် ၅၃၂ သန်း အသုံးပြုမှုကို အစားထိုးနိုင်ခဲ့ပြီး အန္တရာယ်ဖြစ်စေသောပစ္စည်းများ တန်ချိန် ၈.၈ သန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန် ၅၆၈ သန်း လျှော့ချမှုနှင့် ညီမျှကြောင်း သိရသည်။

စုစုပေါင်း အရှည် ၁,၈၃၃ ကီလိုမီတာရှိပြီး တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၆၀ ဘီလီယံ ပို့လွှတ်နိုင်စွမ်းရှိသော ပိုက်လိုင်းသည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ယင်းပိုက်လိုင်း၏ နေ့စဉ်အမြင့်ဆုံး ပို့လွှတ်မှုပမာဏမှာ ကုဗမီတာ သန်း ၁၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပထမဆုံး ဓာတ်ငွေ့သယ်ယူပို့ဆောင်မှုပိုက်လိုင်းအဖြစ် အဆိုပါ ပိုက်လိုင်းသည် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ နယ်စပ်များမှတစ်ဆင့် သွယ်တန်းထားပြီး ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် ဖြတ်သန်းကာ တရုတ်နိုင်ငံ အနောက်မြောက် ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Horgos မြို့ရှိ တရုတ်နိုင်ငံ၏ အနောက်မှ အရှေ့သို့ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။

၎င်းပိုက်လိုင်းသည် ပြည်နယ်အဆင့် ဒေသ ၂၇ ခုနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ နေထိုင်သူ သန်း ၅၀၀ ကျော်အတွက် ဓာတ်ငွေ့သုံးစွဲမှုကို ထိထိရောက်ရောက် အာမခံပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………
(English Version)

China-Central Asia pipeline transports over 400 bln cubic meters of natural gas
Source: XinhuaEditor: huaxia2022-06-17 09:16:16
URUMQI, June 17 (Xinhua) — The China-Central Asia Gas Pipeline has delivered more than 400 billion cubic meters of natural gas to China over a period of more than 12 years, according to PipeChina West Pipeline Company.

The pipeline helped replace the use of 532 million tonnes of coal during this period, equivalent to the reduction of 8.8 million tonnes of harmful substances and 568 million tonnes of carbon dioxide emissions.

With a total length of 1,833 km and a designed annual gas transmission capacity of 60 billion cubic meters, the pipeline was put into service in December 2009 and its highest daily transport volume has exceeded 160 million cubic meters.

As China’s first transnational gas pipeline, it runs from the border of Turkmenistan and Uzbekistan, passes through Uzbekistan and Kazakhstan, and links up with China’s West-to-East Gas Pipeline in Horgos, northwest China’s Xinjiang Uygur Autonomous Region.

The pipeline has effectively guaranteed gas consumption for more than 500 million residents in 27 provincial-level regions and the Hong Kong Special Administrative Region. ■
Photo : Maintenance workers exchange ideas on natural gas pipe welding techniques at the Horgos initial compressor station of the West Pipeline Company under China Oil & Gas Pipeline Network Corporation (PipeChina) in Horgos, northwest China’s Xinjiang Uygur Autonomous Region, Feb. 4, 2021. (Xinhua/Ding Lei)