Connect with us

Eastern Europe

ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေး ဒုတိယအဆင့်စတင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

စစ်ဒဏ်ကြောင့် အဆောက်အဦများ ပျက်စီးနေသော ယူကရိန်းနိုင်ငံ မာရီဥပိုလ်မြို့တွင် လမ်းလျှောက်သွားနေသော ဒေသခံအမျိုးသမီးတစ်ဦးအား ဧပြီ ၁၈ ရက် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို/ကိဗ် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးဒုတိယအဆင့် စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။အိန္ဒိယတူဒေး(India Today) သတင်းဌာနနှင့်ပြုလုပ်သည့်တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ရုရှား၏ စစ်ဆင်ရေးအဓိကရည်မှန်းချက်မှာ Donetsk နှင့် Lugansk ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ “ လုံးဝလွတ်မြောက်ရေး” အတွက် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဒီစစ်ဆင်ရေးက ဆက်လုပ်နေပါတယ်။ စစ်ဆင်ရေးနောက်တစ်ဆင့်ကတော့ အခုစတင်နေပါပြီ ၊ စစ်ဆင်ရေးလှုပ်ရှားမှုအတွင်း အခုအချိန်ဟာ သိပ်ကိုအရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပဲဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည့် ရုရှားနိုင်ငံနှင့်ဖြစ်ပွားသော ပဋိပက္ခအတွင်း ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အဦ ၃၀ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးသွားခဲ့ရကြောင်းလည်း ဧပြီ ၁၉ ရက်တွင် ယူကရိန်း Ukrinform သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါရန်လိုတိုက်ခိုက်မှုများကြောင့် တံတားအစင်းပေါင်း ၃၀၀ မှာ ဖျက်ဆီးခံရခြင်း သို့မဟုတ် ပျက်စီးသွားခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း နှင့် လမ်းအရှည် ကီလိုမီတာပေါင်း ၈,၀၀၀ ကျော် ဖျက်ဆီးခံရကြောင်း ယူကရိန်းနိုင်ငံ အခြေခံအဆောက်အဦဝန်ကြီးဌာနဝန်ကြီး Oleksandr Kubrakov ၏ ပြောကြားချက်ကို ကိုးကား၍ Ukrainian သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် ပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အဦ ထိခိုက်ပျက်စီးမှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထိ ရောက်ရှိသွားနိုင်ကြောင်း ယူကရိန်းနိုင်ငံအစိုးရက ခန့်မှန်းထားသည်ဟု Kubrakov ကဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

————————
(English Version)

Russia begins second phase of special military operation in Ukraine: Lavrov

MOSCOW/KIEV, April 19 (Xinhua) — The second phase of Russia’s special military operation in Ukraine has begun, Russian Foreign Minister Sergei Lavrov said Tuesday.
The operation in eastern Ukraine is aimed at “completely liberating” the populations of Donetsk and Lugansk, Lavrov said during an interview with India Today.
“This operation will continue, the next phase of this operation has now begun. There will now be an important moment during this special operation,” he added.
Also on Tuesday, the Ukrinform news agency reported that up to 30 percent of Ukraine’s infrastructure was damaged as the result of the conflict with Russia, which started on Feb. 24.
The hostilities have either destroyed or damaged 300 bridges and more than 8,000 km of roads, said Ukrinform, quoting Ukrainian Infrastructure Minister Oleksandr Kubrakov.
The Ukrainian government estimated that the cost of direct damage to the country’s infrastructure caused by the conflict could reach 100 billion U.S. dollars, added Kubrakov.

Photo- A resident walks near damaged buildings in Mariupol on April 18, 2022. (Photo by Victor/Xinhua