Connect with us

North America

ဝါရှင်တန်ဒီစီ ပစ်ခတ်မှုအတွင်း ဆယ်ကျော်သက်လူငယ် ၁ ဦး သေဆုံး ၊ လူကြီး ၃ ဦး ဒဏ်ရာရရှိ

သေနတ်အကြမ်းဖက်မှုမြင့်တက်လာခြင်းကို တုန့်ပြန်အရေးယူမှု ပြုလုပ်ရန် နိုင်ငံရေးသမားများအား တိုက်တွန်းလှုံ့ဆော်သည့် လူထုဆန္ဒပြပွဲတစ်ခုကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ဇွန် ၁၁ ရက်တွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

ဝါရှင်တန်ဒီစီ၌ ဇွန် ၁၉ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်လူငယ် ၁ ဦး သေဆုံးကာ လူကြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယင်းပစ်ခတ်မှုသည် စတိုးဆိုင်များ ၊ စားသောက်ဆိုင်များ နှင့် ဘားများဖြင့် ပြည့်နှက်နေသည့် နာမည်ကြီးနေရာတစ်ခု ဖြစ်သည့် “the area of 14th and U Street, NW” နေရာ၌ ဖြစ်ပွားခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား နှစ်ဦး နှင့် ရဲအရာရှိတစ်ဦး ပါဝင်သည့် လူကြီး ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာရရှိသူများမှာ အသက်ရှင်နိုင်မည်ဟု မျှော်လင့်ရကြောင်း မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ Robert Contee က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသည့် ရဲအရာရှိအား ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်း၏အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီ ဖြစ်ကြောင်း D.C. Police Union က တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Juneteenth အထိမ်းအမှတ် အခမဲ့တေးဂီတပွဲတော်တစ်ခုအား “the area of 14th and U Street, NW” နေရာ၌ ကျင်းပနေချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူအုပ်အကြား အထိတ်တလန့် ကြောက်ရွံ့မှု ဖြစ်ပေါ်ခဲ့သည်။ မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ Robert Contee က ယင်းဂီတပွဲတော်အား ခွင့်ပြုထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ယင်းပစ်ခတ်မှုသည် ဝါရှင်တန်ဒီစီအနီး ဗာဂျီးနီးယားပြည်နယ်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု၌ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဈေးဝယ်စင်တာအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ပစ်ခတ်ခံရခြင်းမရှိသော်လည်း စင်တာအတွင်းမှ ပြေးထွက်လာစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် လူ ၃ ဦးအား ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ယခုချိန်အထိ အမေရိကန်နိုင်ငံအနှံ့ သေနတ်ပစ်ခတ်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း Gun Violence Archive မှ နောက်ဆုံးအချက်အလက်များအရ သိရသည်။ (Xinhua)

—————————-
(English Version)
1 teenager dead, 3 adults injured in Washington, D.C. shooting

Source: Xinhua Editor: huaxia 2022-06-20 12:54:16
WASHINGTON, June 19 (Xinhua) — One teenager died and three adults were injured after a shooting in Washington, D.C. on Sunday night.

The shooting occurred in “the area of 14th and U Street, NW” — a popular area filled with stores, restaurants and bars, according to the Metropolitan Police Department.
Metropolitan Police Chief Robert Contee told reporters that a 15-year-old was killed while three adults — two civilians and one police officer — were wounded but are expected to survive.

D.C. Police Union tweeted that the officer who was shot “has been transported to the hospital and is in stable condition.”

A free music festival marking Juneteenth was being held in that area when the shooting broke out and caused panic among the crowd. Contee said the event was unpermitted.
The incident came a day after shots were fired inside a large shopping mall in Virginia, near Washington, D.C.

No one appeared to have been shot but three people were taken to the hospital for injuries suffered while they were fleeing from inside, according to police.
More than 20,000 people have died due to gun violence across the United States so far this year, according to the latest data from Gun Violence Archive. ■
Photo – People gather during a rally decrying rising gun violence while urging politicians to take action in Washington, D.C., the United States, June 11, 2022. (Xinhua/Liu Jie)