Politics, Law & Military
တရုတ်နိုင်ငံ ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ သွားရောက်ရန် စီစဉ်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက် #ဆင်ဟွာ
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ထိုင်ဝမ်သို့ သွားရောက်ရန် စီစဉ်မှုအပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ သွားရောက်လည်ပတ်ရန် စီစဉ်မှုအပေါ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၉ ရက်တွင် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်နှင့်ထိုင်ဝမ်ကြားမှာ တရားဝင် အဆက်အသွယ်ထားရှိမှု မှန်သမျှကို ကျွန်မတို့ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်တယ်” ဟု ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ဆိုသည်။ ယခုကာလများတွင် အမေရိကန်လွှတ်တော်အမတ်အချို့၏ ပြောဆိုပြုမူမှုများက တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဖြစ်စဉ်ကို နှောင့်ယှက်ဟန့်တားရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော် သက်ဆိုင်ရာအမတ်များအနေဖြင့် ထိုင်ဝမ်အရေးသည် အလွန်အမင်း ထိလွယ်ရှလွယ်သည့် ကိစ္စရပ်ဖြစ်သည်ကို သိရှိနားလည်ကြရန် တိုက်တွန်းကြောင်းနှင့် ရန်စသည့်အပြုအမူများ၊ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများကို မည်သည့်ပံ့ပိုးမှုမျှမပေးရန် တိုက်တွန်းကြောင်း ကျူးက ပြောကြားခဲ့သည်။(Xinhua) xhtxs.cn/xB4
#China #Taiwan #Visit #Xinhua #Xinhuamyanmar #တရုတ် #ထိုင်ဝမ် #ဆင်ဟွာ
——————-
(English Version)
China strongly opposes Pelosi’s plan to visit Taiwan xhtxs.cn/xB4
A spokesperson for the Taiwan Affairs Office of China’s State Council on Tuesday voiced strong opposition to U.S. House of Representatives Speaker Nancy Pelosi’s plan to visit China’s Taiwan region.
“We resolutely oppose any official exchange between the United States and Taiwan,” said Zhu Fenglian, the spokesperson, adding that the repeated provocative comments and acts of some members of the U.S. Congress lately are nothing but attempts to obstruct China’s reunification process.
Zhu urged relevant U.S. Congress members to understand the high sensitivity of the Taiwan question, cease provocations, and refrain from offering any support to separatist elements advocating “Taiwan independence.” ■