Connect with us

China

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါဝင်သောဂြိုဟ်တုအသစ်များ လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စီချွမ်းပြည်နယ်၊ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်ပါတွင်သော ဂြိုဟ်တုအသစ် ၃ စင်း အောင်မြင်စွာလွှတ်တင်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးချန်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တုအသစ် ၃ စင်းကို ဇွန် ၂၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုများသည် Yaogan-35 မိသားစုဝင် ဒုတိယအသုတ်အဖြစ် Long March-2D သယ်ဆောင်ရေးဒုံးပျံကို ပေကျင်းစံတော်ချိန် နံနက် ၁၀:၂၂ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

၎င်းဂြိုဟ်တုများသည် သိပ္ပံပညာရပ်ဆိုင်ရ စူးစမ်းလေ့လာမှုများ ၊ ကုန်းမြေအရင်းအမြစ်စစ်တမ်း ကောက်ယူခြင်းများ၊ လယ်ယာထွက်ကုန် ထွက်နှုန်းများ ခန့်မှန်းတွက်ချက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စသည်တို့ဆောင်ရွက်ရန် အဓိကအသုံးပြုသွားမည်ဖြစ်သည်။

ယခုအကြိမ်လွှတ်တင်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၄၂၄ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ယမန်နှစ် နိုဝင်ဘာ ၆ ရက်က Yaogan-35 ဂြိုဟ်တု ၃ စင်းပါဝင်သော အသုတ်တစ်သုတ်ကို လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China launches new batch of remote sensing satellites
Source: XinhuaEditor: huaxia2022-06-23 12:00:15
XICHANG, June 23 (Xinhua) — China successfully launched three new remote sensing satellites from the Xichang Satellite Launch Center in southwest China’s Sichuan Province Thursday.
The satellites were launched as the second batch of the Yaogan-35 family at 10:22 a.m. (Beijing Time) by a Long March-2D carrier rocket and entered the planned orbit successfully.
The satellites will be mainly used to conduct science experiments, land resource surveys, yield estimation of agricultural products and disaster prevention and reduction.
This launch marked the 424th mission for the Long March series carrier rockets.
China launched a batch of three Yaogan-35 satellites on Nov.6 last year. ■

Photo: China successfully launches three new remote sensing satellites from the Xichang Satellite Launch Center in southwest China’s Sichuan Province on June 23 (Xinhua/Qiu Lijun)