Europe
ရုရှားနိုင်ငံအား အထီးကျန်ဖြစ်စေရန် ကြိုးပမ်းသောနိုင်ငံများက ၎င်းတို့ကိုယ်တိုင်သာ ထိခိုက်စေမည်ဟု ပူတင်ပြော
မော်စကို၊ မေ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအား အထီးကျန်ဖြစ်စေရန် ကြိုးပမ်းအားထုတ်သောနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံများသာ ကနဦးထိခိုက်စေမည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က မေ ၂၆ ရက်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအား အထီးကျန်ဖြစ်စေရန် အလွယ်တကူ မပြုလုပ်နိုင်သလို ဖြစ်လည်းမဖြစ်နိုင်ကြောင်းနှင့် “အဲဒီလိုလုပ်ဖို့ စိတ်ကူးရှိသူတွေကိုယ်တိုင်သာ အဆိုးဝါးဆုံးထိခိုက်လိမ့်မည်” ဖြစ်ကြောင်း ပထမဆုံး ယူရေးရှား စီးပွားရေးဖိုရမ်၊ မျက်နှာစုံညီအစည်းအဝေး၌ ပူတင်က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေသည် “အနာဂတ်ကိုရှည်ရှည်ဝေးဝေးမကြည့်သော မူဝါဒများကို လိုက်နာရန်” ကြိုးစားနေသည့် နိုင်ငံများကို ဆန့်ကျင်သည့်အနေဖြင့် ရုရှားနိုင်ငံ၏ ရပ်တည်ချက်က မှန်ကန်၍ တရားမျှတကြောင်းကို သရုပ်ဖော်ပြနေသည်ဟု ပူတင်က မှတ်ချက်ပြုခဲ့သည်။
ထိုသို့သောနိုင်ငံများသည်နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးငွေကြေးဖောင်းပွမှုအပြင် အလုပ်လက်မဲ့ဦးရေလည်း မြင့်တက်လျက်ရှိသည်ကို ကြုံတွေ့နေရကြောင်း၊ ထောက်ပံ့သယ်ပို့ကွင်းဆက်များမှာလည်း ပြတ်တောက်နေပြီး စားနပ်ရိက္ခာကဲ့သို့ နယ်ပယ်၌ ကမ္ဘာလုံးဆိုင်ရာကပ်ဆိုက်မှုများလည်း ပြင်းထန်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ဒါဟာ စီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံမှု စနစ်တစ်ခုလုံးကို ထိခိုက်စေတဲ့ အရေးကြီးတဲ့ကိစ္စပါပဲ” ဟု ပူတင်က ပြောခဲ့သည်။
လွတ်လပ်သောမူဝါဒများအတိုင်း လိုက်လျှောက်လိုသော နိုင်ငံများကို အားနည်းစေရန်နှင့် ထိန်းချုပ်ရန် ရည်ရွယ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကန့်သတ်ချက်များသည် လုံးဝအချည်းအနှီးသာဖြစ်မည်ဟု ရုရှား ခေါင်းဆောင်က ပြောကြားခဲ့သည်။
“လွတ်လပ်တဲ့မူဝါဒကို လိုချင်ပြီး လိုက်လျှောက်မယ့် နိုင်ငံများစွာရှိပါတယ်။ ပြီးတော့ မည်သည့် ကမ္ဘာ့ရဲတပ်ဖွဲ့ဝင်ကမှ ကမ္ဘာကြီးရဲ့ ဒီဖြစ်စဉ်ကို ရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ အဲဒါအတွက် လုံလောက်တဲ့အင်အားဆိုတာ ရှိမှာမဟုတ်သလို အဲဒီလိုနိုင်ငံတွေမှာ ပြည်တွင်းပြဿနာတွေကြောင့် ဒီဆန္ဒဟာလည်း ပျောက်ပျက်သွားမှာမဟုတ်ဘူး” ဟု ပူတင်က ပြောခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Countries attempting to isolate Russia only hurt themselves: Putin
Source: Xinhua
Editor: huaxia
2022-05-27 04:54:16
MOSCOW, May 26 (Xinhua) — Russian President Vladimir Putin said Thursday that those countries, which are attempting to isolate Russia, are primarily only harming their economies.
Putin said it would simply be unfeasible and impossible to isolate Russia, and “those, who aspire to do so would harm themselves the most,” during his speech at the plenary session of the First Eurasian Economic Forum.
Putin noted that the current state of the global economy demonstrates that Russia’s position is right and justified, as opposed to the countries, which are trying to “pursue short-sighted policies.”
Those advanced economies are experiencing their worst inflation in 40 years as well as growing unemployment, he said, adding that logistic chains were breaking, and global crises were intensifying in such areas as food.
“This is a serious issue that is affecting the entire system of economic and political relations,” Putin said.
The Russian leader said that the sanctions and restrictions, which aim to primarily weaken and contain countries that wish to pursue independent policies, are ultimately futile.
“There are many countries that want to and will pursue an independent policy… and no world policeman will be able to stop this global process… there will not be enough power for this and the desire to do so will evaporate due to a host of domestic problems in those countries,” Putin said. ■
Photo : Russian President Vladimir Putin attends the plenary session of the First Eurasian Economic Forum via video link on May 26, 2022. (Kremlin photo)