Connect with us

Videos

“ထိုင်ဝမ်ခွဲထွက်ရေးလှုပ်ရှားမှု” ၏ ကျရှုံးမှုကို မည်သူမျှ ကယ်တင်၍ မရနိုင်ကြောင်းပြောရေးဆိုခွင့်ရှိသူဆို

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသားများ၏ နိုင်ငံပြန်လည်ပေါင်းစည်းရေး လမ်းကြောင်းပြီးမြောက်အောင်မြင်ရန်အတွက် ကမ္ဘာပေါ်ရှိမည်သူကမျှ ရပ်တန့်နိုင်မည်မဟုတ်ကြောင်းနှင့် “ထိုင်ဝမ်ခွဲထွက်ရေးလှုပ်ရှားမှု” ၏ ကျရှုံးမှုကိုလည်း မည်သူမျှ ကယ်တင်၍ မရနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝန်ပင်းက “အမေရိကန်ဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒ ဆိုတဲ့ စကားလုံးကို အမျိုးမျိုးသုံးစွဲနေပေမဲ့ တရုတ်နိုင်ငံသူနိုင်ငံသားတွေရဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးလမ်းကြောင်း ပြီးမြောက်အောင်လျှောက်လှမ်းမယ့်အရေးကို ကမ္ဘာပေါ်က အမေရိကန်အပါအဝင် ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ပါဘူး။ အမေရိကန်အပါအဝင် ဘယ်သူကမှလည်း ထိုင်ဝမ်ခွဲထွက်ရေး ကျရှုံးမှုကို ကယ်တင်နိုင်မှာမဟုတ်ဘူးဆိုတာကို မိမိအနေနဲ့ သတိပေးချင်ပါတယ်၊အမေရိကန်ဟာ ထိုင်ဝမ်အရေးမေးခွန်းအပေါ် ကတိကဝတ်တွေကို ချိုးဖောက်ခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ ၊လျှို့ဝှက်စွာသွေးထိုးလှုံ့ဆော်ပြီး ထိုင်ဝမ်ခွဲထွက်ရေးအင်အားစုတွေကို အထောက်အပံ့ပေးတာတွေဟာ မှားသထက်မှားနေတဲ့ လမ်းကိုလျှောက်နေတာဖြစ်သလို ဒါကတရုတ်-အမေရိကန်ဆက်ဆံရေးကိုပြင်ဆင်လို့မရအောင် ပျက်စီးသွားနိုင်တဲ့အပြင် အမေရိကန်အတွက် အဖတ်ဆယ်လို့မရတဲ့ပေးဆပ်မှုမျိုးကြုံရနိုင်ပါတယ်၊ကမ္ဘာပေါ်မှာတရုတ်နိုင်ငံဟာ တစ်နိုင်ငံတည်းရှိပါတယ်၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ပါတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရဟာ တရုတ်နိုင်ငံသားအားလုံးကိုကိုယ်စားပြုတဲ့ တရားဝင်အစိုးရတစ်ရပ်ဖြစ်ပါတယ်၊ ဒါဟာ နိုင်ငံတကာက လက်ခံထားရှိပြီး အမေရိကန်လည်းသဘောတူညီခဲ့တဲ့အချက်ပါ၊ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒဟာ ယိုင်နဲ့သွားလို့မရပါဘူး၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေစိုးမိုးရေးကိုလည်း မျဉ်းနီသားပြီး တရုတ်နိုင်ငံနှစ်နိုင်ငံ ဒါမှမဟုတ် တရုတ်နိုင်ငံတစ်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတစ်နိုင်ငံဆိုပြီး ခွဲခြားသတ်မှတ်လိုက်လို့မရပါဘူး။
တရုတ်နိုင်ငံဘက်ကလည်း ထိုင်ဝမ်ခွဲထွက်ရေးအင်အားစုတွေရဲ့လှုပ်ရှားမှုတွေ၊ပြင်ပမှ ဝင်ရောက်စွက်ဖက်နှောက်ယှက်မှုတွေ ကိုထိန်းချုပ်ဟန့်တားနိုင်ဖို့ နဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ ပြင်ဆင်ထားပြီး လုပ်နိုင်စွမ်းလည်းရှိတဲ့အပြင်ယုံကြည်ချက်လည်းရှိပါတယ်။ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားရေးသီချင်းတစ်ပုဒ်ထဲက သီချင်းစာသားတစ်ခုဖြစ်တဲ့ “ ကျွန်တော်တို့ဆီလာရောက်လည်ပတ်သူမိတ်ဆွေတို့ကိုနွေးထွေးပျူငှာစွာကြိုဆိုပါတယ်၊ ဆိုးဝါးတဲ့ ရန်သူတွေကို အေးစက်တဲ့ကျည်ဆန်တွေနဲ့ပဲတုန့်ပြန်ပါမယ်” ဆိုတာကိုတော့ သေချာဖတ်ကြည့်ထားသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
GLOBALink | No forces could salvage doomed failure of “Taiwan independence”: Chinese FM spokesperson
BEIJING, May 24 (Xinhua) — No forces in the world could stop the Chinese people in their path to complete national reunification and no forces in the world could salvage the doomed failure of “Taiwan independence,” said a Chinese Foreign Ministry spokesperson on Tuesday.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.