Economy
တရုတ်နိုင်ငံ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသက တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ်များ မြင့်တက်လာသည်ကို တွေ့မြင်ရ
ရှန်ဟိုင်း ၊ ဇွန် ၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှုအချက်အခြာဖြစ်သည့် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသသည် ယခုနှစ် ပထမ ငါးလတာအတွင်း တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် ပြေးဆွဲသည့် ခရီးစဉ် ၁,၁၃၅ ခုအား စီမံကိုင်တွယ်ခဲ့ပြီး နှစ်အလိုက် ၈ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း China Railway Shanghai Bureau Group ကုမ္ပဏီထံမှ သိရသည်။
တရုတ်-ဥရောပ ကုန်တင်ရထားများသည် ပေ ၂၀ နှင့် ညီမျှသော ယူနစ် ၁၁၀,၆၀၀ TEUs အား သယ်ဆောင်ခဲ့ပြီး နှစ်အလိုက် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
မေလတွင် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ခွာသွားခဲ့သည့် တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ် အရေအတွက်မှာ စုစုပေါင်း ၂၃၅ ခုရှိပြီး လအလိုက် ၁၂ ဒသမ ၄ ရာခိုင်နှုန်း နှင့် နှစ်အလိုက် ၁၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စုစုပေါင်း ၁၁၀,၆၀၀ TEUs အား ပို့ဆောင်ခဲ့ပြီး လအလိုက် ၁၅ ဒသမ ၈ ရာခိုင်နှုန်း နှင့် နှစ်အလိုက် ၁၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက ဥရောပနိုင်ငံတွေကို အဓိကရောင်းချတာ ဖြစ်ပါတယ်။ ရထားတွေက သယ်ယူပို့ဆောင်ရေးအချိန်ကို အာမခံပြီးတော့ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်တွေ သက်သာဖို့ ကျွန်တော်တို့ကို ကူညီပါတယ်။”ဟု China Marine Shipping Agency Ningbo ကုမ္ပဏီ၏ မန်နေဂျာ Zhu Weidong က ပြောကြားခဲ့သည်။
နိုင်ငံအရှေ့ပိုင်းရှိ Yiwu ဒေသသည် တရုတ်နိုင်ငံ၏ အသေးစား ကုန်ပစ္စည်းအချက်အခြာဖြစ်ပြီး ယခုနှစ် ပထမငါးလတာအတွင်း တရုတ်-ဥရောပ ကုန်တင်ရထား ၄၈၆ စင်းမှတစ်ဆင့် ကုန်ပစ္စည်း ၂၃,၇၀၀ TEUs အား ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Yiwu ဒေသမှ ဥရောပနိုင်ငံတစ်ချို့သို့ သွားရောက်သည့် ရထားများသည် အဓိကအားဖြင့် ကုန်ပစ္စည်းအသေးစားများအား သယ်ဆောင်ကြသည်။ Yiwu ဒေသသို့ ဝင်ရောက်သည့်ရထားများသည် နွားနို့ ၊ သပြေမှည့်အရောင်ရှိသောဝိုင် ၊ ကုန်ကြမ်းများ ၊ စက်အစိတ်အပိုင်းများ နှင့် ပစ္စည်းကိရိယာ တန်ဆာပလာများ ၊ နယ်စပ်ဖြတ်ကျော် e-commerce အတွက် ပစ္စည်းများ နှင့် သစ်သားပရိဘောဂများအား သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ (Xinhua)
——————————-
(English Version)
China’s Yangtze River Delta sees rise in China-Europe freight train trips
SHANGHAI, June 7 (Xinhua) — The Yangtze River Delta region, China’s foreign trade hub, handled 1,135 trips made by China-Europe freight trains in the first five months of this year, up 8.8 percent year on year, said China Railway Shanghai Bureau Group Co., Ltd.
The trains carried 110,600 20-foot equivalent units (TEUs), up 6.5 percent, year on year.
The number of China-Europe freight train trips departing from the region totaled 235 in May, up 12.4 percent month on month and 14.1 percent year on year. A total of 23,000 TEUs were delivered, up 15.8 percent month on month and 12.9 percent year on year.
“Our products are mainly sold to European countries. The trains guarantee transportation time and help us save logistics costs,” said Zhu Weidong, manager of China Marine Shipping Agency Ningbo Co., Ltd.
Yiwu in east China, China’s small commodity hub, delivered 23,700 TEUs of cargo via 486 China-Europe freight trains in the first five months of this year.
The outbound trains from Yiwu to some European countries carry mainly small commodities. Inbound trains to Yiwu bring in milk, red wine, raw materials, machinery and equipment, items for cross-border e-commerce, and wood furniture, among others. ■
Photo – China-Europe freight train “Shanghai Express” is seen in Hamburg, Germany, on Oct. 26, 2021.(Xinhua/Wang Qing)