China
အဆင့်မြင့်ဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်အလေးထားရန် BRICS မီဒီယာ တိုက်တွန်း
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
BRICS အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာအဖွဲ့အစည်းများက တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်သော ပဉ္စမအကြိမ်မြောက် BRICS မီဒီယာဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်အလေးထားရန် ဇူလိုင် ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ သတင်းပြန်ကြားရေးဌာန အကြီးအကဲ Huang Kunming လည်း အဆိုပါ ဖိုရမ်သို့ တက်ရောက်ကာ မိန့်ခွန်းပြောခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကြာသေးမီက BRICS ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရန် အရေးပါသော မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း Huang က ဆိုသည်။ အဆိုပါ မိန့်ခွန်းများက BRICS ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းအသစ် ပုံဖော်ခဲ့သလို တွန်းအားအသစ်များလည်း ဖြည့်တင်းခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
BRICS အား ကမ္ဘာတစ်ဝန်းမှ ပြည်သူများ၏ ဘုံမျှော်ချက်များနှင့် ခေတ်ကာလမှ ခွဲခန့်သတ်မှတ်ပေးသော တာဝန်ယူမှုများနှင့် မစ်ရှင်များကို ထည့်သွင်းပြောကြားလျက် BRICS အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာလုပ်ငန်းများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တည်ကာကွယ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရန်နှင့် စည်းလုံးမှုရှိသော၊ တူညီမှုရှိသော၊ ညီမျှမှုရှိသော၊ အားလုံးပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို တွန်းအားပေးရေးအတွက် အတူတကွ ဆောင်ရွက်ရန် Huang က တိုက်တွန်းပြောကြားခဲ့သည်။
စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ် ခိုင်ခံ့ရေး၊ ဘုံဖြစ်၍ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုရှိပြီး ရေရှည်တည်တံ့မှုရှိသော လုံခြုံရေးမျှော်မှန်းချက်ကို လိုက်နာဆောင်ရွက်မှု မြှင့်တင်ရေးနှင့် လူသားမျိုးနွယ်အတွက် လုံခြုံသောအသိုက်အဝန်းတစ်ခု ပူးတွဲတည်ဆောက်ရေးအတွက် ပိုမိုတည်ငြိမ်၍ အပြုသဘောဆောင်သော အရှိန်အဟုန်ကို ပံ့ပိုးပေးရန် Huang က တိုက်တွန်းခဲ့သည်။
ထို့ပြင် ချစ်ကြည်ရေးတံတားတစ်စင်း တည်ဆောက်ရေး၊ ပွင့်လင်းမှုရှိသော၊ အားလုံးပါဝင်မှုရှိသော၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ BRICS စိတ်ဓာတ် ရှေ့ဆက်ဖော်ဆောင်ရေးနှင့် BRICS ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည့် ကြိုးပမ်းအားထုတ်မှုများအတွက်လည်း Huang က ထည့်သွင်းပြောကြားခဲ့သည်။
“BRICS သဘောတူညီချက်ကို တည်ဆောက်လျက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်စို့” ဟူသော ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ်မြောက် BRICS မီဒီယာဖိုရမ်ကို ဆင်ဟွာ သတင်းအေဂျင်စီက ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။ အွန်လိုင်းရော အော့ဖ်လိုင်း (offline) ဖြင့်ပါ ပြုလုပ်ခဲ့သော အဆိုပါ ဖိုရမ်သို့ နိုင်ငံနှင့် ဒေသ ၇၃ ခုမှ မီဒီယာဌာနများနှင့် အဖွဲ့အစည်းပေါင်း ၁၇၀ ကျော်မှ ကိုယ်စားလှယ် ၃၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။
………………………………………………
(English Version)
BRICS media urged to focus on global development cooperation at high-level forum
Source: XinhuaEditor: huaxia2022-07-08 23:15:27
BEIJING, July 8 (Xinhua) — Media outlets of BRICS countries were urged on Friday to focus on global development cooperation at the Fifth BRICS Media Forum held in Beijing.
Huang Kunming, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attended the forum and delivered a speech.
Huang said that Chinese President Xi Jinping has recently made important speeches on strengthening BRICS cooperation and advancing global development. These speeches have drawn a new blueprint for and injected new impetus into BRICS cooperation and development, he added.
Citing the responsibilities and missions entrusted to the BRICS media by the times and the common expectations of people from across the world, Huang called on media outlets of BRICS countries to champion development, focus on global development cooperation, and work together to forge a united, equal, balanced and inclusive global development partnership.
Huang urged efforts to consolidate the foundation of solidarity, promote the pursuit of the vision of common, comprehensive, cooperative and sustainable security, and provide more stabilizing and positive momentum for jointly building a community of security for humanity.
Huang also called for efforts to build a bridge of friendship, carry forward the BRICS spirit of openness, inclusiveness and win-win cooperation, and boost the BRICS cooperation.
Hosted by Xinhua News Agency, the Fifth BRICS Media Forum was themed “Building BRICS Consensus, Promoting Global Development.” Nearly 300 representatives from more than 170 media outlets and institutions in 73 countries and regions attended the forum either online or offline. ■