Connect with us

China

မြစ်ကျဉ်းသုံးသွယ်ရေကာတာမှတစ်ဆင့် ကုန်စည်စီးဆင်းမှု စံချိန်သစ်တင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ရိချန်းမြို့၊ မြစ်ကျဉ်းသုံးသွယ်ရေကာတာရှိ အဆင့် ၅ ဆင့်ပါသော ရေပြင်ညှိဆည်မှတစ်ဆင့် ဖြတ်သန်းနေသော သင်္ဘောများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ရိချန်းမြို့၊ မြစ်ကျဉ်းသုံးသွယ်ရေကာတာရှိ အဆင့် ၅ ဆင့်ပါသော ရေပြင်ညှိဆည်မှတစ်ဆင့် ဖြတ်သန်းနေသော သင်္ဘောများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ရိချန်းမြို့၊ မြစ်ကျဉ်းသုံးသွယ်ရေကာတာရှိ အဆင့် ၅ ဆင့်ပါသော ရေပြင်ညှိဆည်မှတစ်ဆင့် ဖြတ်သန်းနေသော သင်္ဘောများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ပမာဏသည် ထိုရေပြင်ညှိဆည် လုပ်ငန်းလည်ပတ်ခဲ့သော နှစ်ပေါင်း ၂၀ ၏ ပထမသုံးလပတ်အတွင်း ပထမဆုံးအကြိမ် ကုန်စည်စီးဆင်းမှုတန်ချိန် ၁၂၀ သန်း ကျော်လွန်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း မြစ်ကျဉ်းသုံးသွယ်ရေကာတာလည်ပတ်ရေးအာဏာပိုင်အဖွဲ့မှ အချက်အလက်များအရ သိရသည်။
အဆိုပါ ရေပြင်ညှိဆည်သည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကုန်တင်သင်္ဘောခရီးစဉ် ၃၂,၀၀၀ ကိုင်တွယ်ဆောင်နိုင်ခဲ့ကြောင်း ယင်းအာဏာပိုင်အဖွဲ့အရ သိရသည်။

ထို့ပြင် ဩဂုတ်လ တစ်လတည်းတွင်ပင် ယင်းဆည်မှတစ်ဆင့် ကုန်စည်စီးဆင်းမှုမှာ တန်ချိန် ၁၅.၇၁ သန်း ရှိကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် လစဉ် တန်ချိန် ၁၅ သန်း ကျော်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆင့် ၅ ဆင့်ပါသော ရေပြင်ညှိဆည်သည် တရုတ်နိုင်ငံ၏ အရှည်ဆုံး ယန်ဇီမြစ်ပေါ်၌ တည်ရှိပြီး ဘက်စုံသုံး ရေပြင်ထိန်းချုပ်ရေးစနစ်ဖြစ်သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Cargo throughput via Three Gorges ship lock hits new record
WUHAN, Oct. 8 (Xinhua) — The cargo throughput through the ship lock of the Three Gorges Dam, part of the world’s largest hydropower project, totaled 127 million tonnes in the first three quarters this year, up 10.02 percent year on year, data showed Sunday.
This is the first time the ship lock breaks the 120-million-tonne mark during the first three quarters of its 20 years of operation, data from the Three Gorges Navigation Authority showed.
The ship lock handled 32,000 cargo ships during the Jan.-Sept. period this year, according to the authority.
In August alone, the cargo throughput through the ship lock hit 15.71 million tonnes, exceeding the monthly 15-million-tonne mark for the first time.
The ship lock is a part of the Three Gorges project, a multi-functional water control system located on the Yangtze River, the country’s longest waterway.
Photo 1, 2, 3: This aerial photo taken on Oct. 8, 2023 shows ships passing through the five-tier ship locks of the Three Gorges Dam in Yichang, central China’s Hubei Province. (Photo by Wang Gang/Xinhua)