Connect with us

Politics, Law & Military

တရုတ်-ရုရှား မဟာဗျူဟာ လုံခြုံရေး တွေ့ဆုံဆွေးနွေးမှုယန္တရား နှစ်ဘက်ဦးဆောင်သူများ တွေ့ဆုံဆွေးနွေး

မော်စကို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ရုရှားဖက်ဒရယ်လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushevနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက်က မော်စကိုမြို့တွင် တရုတ်-ရုရှား မဟာဗျူဟာ လုံခြုံရေး ယန္တရား နှစ်ဘက်ဦးဆောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။နှစ်ဘက်အကြား လက်ရှိနိုင်ငံတကာမဟာဗျူဟာအခြေအနေများကို ဆွေးနွေးခဲ့ကြရာတွင် စစ်မှန်သော နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူ ဖော်ဆောင်သွားကြရန်၊ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုအသွင်မှန်သမျှကို ဆန့်ကျင်ကြရန်နှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင် ၊ ဗဟုအသွင်ပြောင်းရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

နှစ်ဘက်အနေဖြင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ကာ ကမ္ဘာလုံးဆိုင်ရာစီမံမှုများ ပြည့်စုံကောင်းမွန်စေရန် ပို၍ ကြိုးပမ်းသွားရန် သဘောတူညီခဲ့ကြသလို အာရှ-ပစိဖိတ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းကာ စစ်အေးခေတ်အတွေးအခေါ်၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုနှင့် အတွေးအမြင်ပုံစံများ ထိပ်တိုက်တွေ့ဆုံမှုကို ဆန့်ကျင်သင့်ကြောင်း နှစ်ဘက်စလုံးက ယူဆကြသည်။အဆိုပါတွေ့ဆုံမှုတွင် ယူကရိန်းအရေး စသည့် ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
中俄战略安全磋商机制双方牵头人举行会晤

新华社莫斯科2月21日电(记者黄河)当地时间2023年2月21日,中共中央政治局委员、中央外事工作委员会办公室主任王毅在莫斯科同俄罗斯联邦安全会议秘书帕特鲁舍夫举行中俄战略安全磋商机制双方牵头人会晤。
双方就当前国际战略形势进行了讨论,表示愿共同践行真正的多边主义,反对一切形式的单边霸凌行径,推动国际关系民主化和世界多极化。
双方同意继续加强在多边框架内合作,为完善全球治理作出更多努力。双方认为应坚决维护亚太和平稳定,反对引入冷战思维、集团对抗和意识形态对立。
双方还就乌克兰问题等交换了意见。(完)
1. 2月21日,在俄罗斯莫斯科,中共中央政治局委员、中央外事工作委员会办公室主任王毅(左)同俄罗斯联邦安全会议秘书帕特鲁舍夫举行中俄战略安全磋商机制双方牵头人会晤。新华社发(田冰摄)