China
တရုတ်က ရုရှားနှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကွင်းဆက်၊ ကြီးမားသော စီမံကိန်းများ၊ စွမ်းအင်၊ အဆင့်မြင့်နည်းပညာ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား
မော်စကို၊ မတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကွင်းဆက်၊ ကြီးမားသော စီမံကိန်းများ၊ စွမ်းအင်၊ အဆင့်မြင့်နည်းပညာ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည်ဟု တရုတ် သမ္မတ ရှီကျင့်ဖိန်က မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ရှီသည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အပြန်အလှန်အားဖြင့် အကြီးမားဆုံးအိမ်နီးချင်းနိုင်ငံများနှင့် ဘက်စုံမဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုမိတ်ဖက်များဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် သမိုင်းကြောင်းဆီလျော်မှုရှိပြီး နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
……………………………
(English Version)
Xi says China to expand cooperation with Russia in trade, investment, supply chain, mega projects, energy, hi-tech
MOSCOW, March 21 (Xinhua) — Chinese President Xi Jinping said on Tuesday that China is ready to expand cooperation with Russia in trade, investment, supply chain, mega projects, energy and hi-tech areas.
Xi made the remarks during his meeting with Russian Prime Minister Mikhail Mishustin.
Xi said that China and Russia are each other’s largest neighbors and comprehensive strategic partners of coordination, saying that maintaining the healthy and stable development of China-Russia ties conforms to the historical logic of bilateral relations and the fundamental interests of their people.
Photo 1, 2 : Chinese President Xi Jinping meets with Russian Prime Minister Mikhail Mishustin in Moscow, Russia, March 21, 2023. (Xinhua/Ding Haitao)