Connect with us

China

တရုတ်-ဘရာဇီး လေကြောင်းကုန်တင်လမ်းကြောင်းသစ်က e-commerce ကုန်သွယ်ရေးကို မြှင့်တင်ပေး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဆန်းကျန့်မြို့နှင့် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့အား ချိတ်ဆက်ထားသည့် ကုန်တင်လေကြောင်းလမ်းသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ဧပြီ ၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါလေကြောင်းလမ်းသစ်သည် နှစ်နိုင်ငံအကြား e-commerce ကုန်သွယ်မှု တိုးမြင့်ရန်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ လေကြောင်းလမ်းသစ်ကို ဆန်းကျန့် Bao’an နိုင်ငံတကာလေဆိပ်နှင့် တရုတ် e-commerce ကုန်သွယ်မှုလုပ်ငန်းကြီး Alibaba အုပ်စု၏ ကုန်ပစ္စည်းထောက်ပံ့သယ်ပို့လုပ်ငန်းခွဲဖြစ်သည့် Cainiao ကွန်ရက်တို့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Atlas လေကြောင်းလိုင်း၏ ဘိုးရင်း ၇၄၇ ကုန်တင်လေယာဉ်များ တစ်ပတ်လျှင် ခရီးစဉ်နှစ်ခု ပြေးဆွဲမည် ဖြစ်သည်။

ဆန်းကျန့်မြို့မှ အထူးသဖြင့် e-commerce ကုန်သွယ်မှုပစ္စည်းအပါအဝင် e-commerce ကုန်ပစ္စည်းတန်ချိန် ၁၀၀ သယ်ဆောင်ထားသောပွဲဦးထွက် လေကြောင်းခရီးစဉ်သည် တရုတ်နိုင်ငံတောင်ပိုင်းမြို့ ဆန်းကျန့်မှ မတ် ၂ ရက်က ထွက်ခွာခဲ့သည်။ (Xinhua)

………………………………
(English Version)
New China-Brazil cargo air route promotes e-commerce trade
SHENZHEN, April 3 (Xinhua) — A ceremony was held on Monday for the opening of a new cargo air route linking the southern Chinese metropolis Shenzhen to Sao Paulo of Brazil, which is expected to stimulate the e-commerce trade between the two countries.
The air route was launched by the Shenzhen Bao’an International Airport and Cainiao Network, the logistics arm of Chinese e-commerce giant Alibaba Group, with two flights weekly conducted by Atlas Air’s Boeing 747 all-cargo aircraft.
The maiden flight carrying 100 tonnes of e-commerce products took off from the southern Chinese city of Shenzhen on Sunday, loading specialty e-commerce products in Shenzhen.
Photo: Aerial photo taken on Sept. 11, 2020 shows the city view of Shenzhen, in south China’s Guangdong Province. (Xinhua/Mao Siqian)