Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းတွင် သစ်ပင်စိုက်ပျိုးကာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် လှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးအတွက် သစ်တောပျိုးထောင်မှု ပိုမိုအားထုတ်ဆောင်ရွက်ရန် တိုက်တွန်း

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ကျောင်းသားလူငယ်များနှင့် စကားပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့တော်၌ စေတနာ့ဝန်ထမ်းသစ်ပင်စိုက်ပျိုးရေးအစီအစဉ်တွင် ပါဝင်ခဲ့ပြီး သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရာတွင် စာမျက်နှာသစ် ဖွင့်လှစ်ရေးသားရန် သစ်တောပျိုးထောင်မှု ပိုမိုကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် စေတနာ့ဝန်ထမ်းသစ်ပင်စိုက်ပျိုးရေးအစီအစဉ်တွင် သစ်ပင်စိုက်ပျိုးနေသော တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရှီက သစ်ပင်စိုက်ပျိုးရေး အစီအစဉ်၌ ပါဝင်နေစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ရှီနှင့်အတူ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့် အပါအဝင် အခြားခေါင်းဆောင်များက ချောင်ယန်ခရိုင်ရှိ ဥယျာဉ်တစ်ခုအတွင်း ဒေသခံများနှင့်အတူ နွေဦးမိုးဖွဲလေးများကျနေချိန်၌ သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် နှစ်စဉ်သစ်ပင်စိုက်ပျိုးရေးအစီအစဉ်တွင် ပါဝင်ခဲ့သည်မှာ ၁၁ နှစ်မြောက်ရှိပြီဖြစ်သည်။ (Xinhua)

………………………………
(English Version)
Xi plants trees in Beijing, urging more afforestation efforts for green development, building beautiful China
BEIJING, April 4 (Xinhua) — Chinese President Xi Jinping on Tuesday attended a voluntary tree planting activity in Beijing and called for more efforts in afforestation to write a new chapter in building a beautiful China.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks while attending the tree planting activity.
Xi and other leaders, including Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi, and Han Zheng, planted trees with local people at a city park in the eastern district of Chaoyang in the spring shower.
It is the 11th year that Xi has participated in the annual tree-planting activity as the general secretary.
Photo 1: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, talks with young students during a voluntary tree planting activity in Beijing, capital of China, April 4, 2023. (Xinhua/Ju Peng)
Photo 2: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, plants a tree during a voluntary tree planting activity in Beijing, capital of China, April 4, 2023. (Xinhua/Xie Huanchi)