China
တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ ကတိပြု
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် လာအိုဒုဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ရဲဗိုလ်ချုပ်ကြီး Vilay Lakhamphong တို့ မေ ၂၄ ရက်၌ အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
ပါတီနှစ်ရပ်နှင့် နိုင်ငံခေါင်းဆောင်များ၏ ရရှိထားသော အရေးကြီးသော သဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံရေးလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများအား နှိမ်နင်းရန်၊ တရုတ်-လာအို မီးရထားလမ်းလုံခြုံရေး ခိုင်မာစေရန်၊ တရားဥပဒေစိုးမိုးရေး စွမ်းရည်မြှင့်တင်ရန် တို့ကို ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ အနေဖြင့် လာအိုနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရုတ်-လာအို တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရာတွင် အရည်အသွေးနှင့် ထိရောက်မှုတို့ကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးရှိစေမည့် တရုတ်-လာအို ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားရန် ဝမ်က ပြောကြားခဲ့သည်။
Vilay က တရုတ်နိုင်ငံနှင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် လာအို-တရုတ် ကံကြမ္မာအကျိုးတူအသိုက်အဝန်းကို တည်ဆောက်သွားရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
China, Laos pledge to strengthen law enforcement, security cooperation
BEIJING, May 25 (Xinhua) — Chinese State Councilor and Minister of Public Security Wang Xiaohong held a work meeting with Lao Vice Prime Minister and Minister of Public Security Police Gen. Vilay Lakhamphong on Thursday, pledging to strengthen law enforcement and security cooperation.
Wang said that China is willing to work with Laos to earnestly implement the important consensus reached by the top leaders of the two parties and countries, continuously deepen cooperation on safeguarding political security, crack down on transnational criminal activities, strengthen China-Laos Railway security, and promote law enforcement capacity building.
Wang said China will constantly improve the quality and effectiveness of China-Laos law enforcement and security cooperation, and push forward the construction of a China-Laos community with a shared future to better benefit the two countries and peoples. Vilay expressed his readiness to strengthen law enforcement and security cooperation with China, and to build a Laos-China community with a shared future. ■
Chinese State Councilor and Minister of Public Security Wang Xiaohong holds a work meeting with Lao Vice Prime Minister and Minister of Public Security Police Gen. Vilay Lakhamphong in Beijing, capital of China, May 25, 2023. (Xinhua/Zhai Jianlan)