Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတတို့ တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Iris Xiomara Castro Sarmiento အား ၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အလည်အပတ်ရောက်ရှိနေသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Iris Xiomara Castro Sarmiento အား ဇွန် ၁၃ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ယခုနှစ် မတ်လတွင် နှစ်နိုင်ငံခေါင်းဆောင်များက သံတမန်ဆက်ဆံရေးထူထောင်ရန် အရေးပါသောနိုင်ငံရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး၌ စာမျက်နှာသစ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။ ဟွန်ဒူးရပ်စ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာစောင့်ထိန်းရေး ခိုင်မာသောကတိကဝတ် ချမှတ်ခြင်းနှင့် သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ရန် ရွေးချယ်ခြင်းအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေကနေ ရရှိထားတဲ့ အရေးပါတဲ့သဘောတူညီချက်ကို စေ့စေ့စပ်စပ် အကောင်အထည်ဖော်ဖို့ ဟွန်ဒူးရပ်စ်နိုင်ငံနဲ့အတူ လုပ်ဆောင်သွားလိုပါတယ်” ဟု လီက ဆိုသည်။

တရုတ်နိုင်ငံနှင့် ဟွန်ဒူးရပ်စ်နိုင်ငံတို့သည် မိတ်ဆွေသစ်များနှင့် မိတ်ဖက်သစ်များဖြစ်ကြကြောင်း၊ ၎င်းတို့အနေဖြင့် အပြန်အလှန်လေးစားမှု၊ သာတူညီမျှရှိမှု၊ အပြန်အလှန်အကျိုးကျေးဇူးများနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထာသော မိတ်ဆွေကောင်းများနှင့် မိတ်ဖက်ကောင်းများအဖြစ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Iris Xiomara Castro Sarmiento က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု မြှင့်တင်ရန်၊ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်၍ ခိုင်မာသောလမ်းကြောင်းပေါ်သို့ ဆောင်ကြဉ်းနိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများထံ အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်မှု စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
Chinese premier meets with Honduran president
BEIJING, June 13 (Xinhua) — Chinese Premier Li Qiang on Tuesday met with visiting President of the Republic of Honduras Iris Xiomara Castro Sarmiento in Beijing, with both sides pledging to enhance cooperation.
Li noted that in March this year, the two countries’ leaders made the important political decision to establish diplomatic relations, turning over a new page in bilateral ties. He said China greatly appreciates the firm commitment Honduras has made to abide by the one-China principle, and its choice to stand on the right side of history.
“China is willing to work with Honduras to thoroughly implement the important consensus reached by the two heads of state to promote the vibrant development of cooperation in various fields,” Li said.
China and Honduras are new friends and partners, and they should be good friends and partners that value mutual respect, equality, mutual benefits and common development, Li added.
Castro said that Honduras attaches great importance to relations with China, and it adheres to the one-China principle. The Honduran side is ready to work with China to promote people-to-people exchanges and enhance cooperation in such areas as agriculture, poverty reduction and infrastructure construction to bring bilateral ties onto a steady and sound track and to bring more benefits to the two peoples.
Photo: Chinese Premier Li Qiang meets with visiting President of the Republic of Honduras Iris Xiomara Castro Sarmiento at the Great Hall of the People in Beijing, capital of China, June 13, 2023. (Xinhua/Liu Bin)