Connect with us

Videos

တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် တရုတ်နိုင်ငံ ကန့်ကွက်

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံနှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံအနေဖြင့် အခြေခံဖြစ်ရပ်မှန်နှင့် တရားမျှတစွာပြုမူမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော အဆိုပါ ဆောင်ရွက်ချက်သည် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

“အမေရိကန်အနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဖိနှိပ်တာတွေ ရပ်တန့်ရမှာဖြစ်ပါတယ်” ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား စောင့်ထိန်းရန် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

————————–

China opposes U.S. sanctions on Chinese entities, individuals

BEIJING, June 12 (Xinhua) — China opposes a U.S. move to sanction certain Chinese companies and individuals with so-called Iran-related excuses, a spokesperson for China’s Ministry of Commerce said Monday.
This action by the United States lacks factual basis and due process, and damages the legitimate rights and interests of Chinese enterprises and individuals, said the spokesperson while responding to a query regarding the move.
“The U.S. side must stop its unreasonable suppression of Chinese enterprises and individuals,” the spokesperson said.
China will take necessary measures to resolutely safeguard the legitimate rights and interests of Chinese enterprises and individuals, the spokesperson added.