Connect with us

China

တရုတ်နိုင်ငံမြောက်ပိုင်းတွင် နှစ်ပေါင်း ၁,၃၀၀ ကျော် သက်တမ်းရှိ အုတ်ဂူကျောက်တိုင်တွေ့ရှိ

ရှီးကျားကျွမ်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေ ပြည်နယ် တာ့မင် ခရိုင်တွင် ထန်မင်းဆက် (၆၁၈ခုနှစ်-၉၀၇ ခုနှစ် ) က အုတ်ဂူကျောက်တိုင်တစ်ခုကို မကြာသေးမီက ယဉ်ကျေးမှုအမွေအနှစ် စစ်တမ်းတစ်ခု၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သက်တမ်း ၁,၃၂၉ နှစ်ရှိ အုတ်ဂူကျောက်တိုင် သည် အရှည် ၄၆ စင်တီမီတာ၊ အကျယ် ၄၆ စင်တီမီတာ နှင့် အထူ ၉.၅ စင်တီမီတာ ရှိသည်။ ကျောက်တုံးအုတ်ဂူပေါ်တွင် စာလုံးရေ ၂၈၀ ပါသော ကမ္ပည်းစာအရ ၎င်း၏ပိုင်ရှင်မှာ ထိုအချိန်က အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။
အုတ်ဂူကျောက်တိုင်အား ကောင်းမွန်စွာ ထိန်းသိမ်းထားရာ ကမ္ပည်းစာမှာ ရှင်းလင်းပြီး ထန်မင်းဆက်အတွင်း ဒေသတွင်းနိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရေးအတွက် ကိုးကားရန် နေရာအဖြစ်ပံ့ပိုးပေးနိုင်ကြောင်း ခရိုင်ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး စင်တာမှ လက်ထောက်ညွှန်ကြားရေးမှူး Wang Jianping ၏ ပြောကြားချက်အရ သိရသည်။
ထိုကျောက်တိုင်က ဒေသအလိုက် အုပ်ချုပ်ရေးပိုင်းများတွင် ပြုပြင်ပြောင်းလဲမှုများကို သုတေသနပြုရာတွင် အထောက်အကူဖြစ်စေရန် အရေးကြီးသော အထောက်အထားများကိုလည်း ပေးဆောင်နိုင်ကြောင်း Wang ကဆိုသည်။ (Xinhua)
……………………………..
Over 1,300-year-old gravestone found in north China
SHIJIAZHUANG, June 21 (Xinhua) — A gravestone dating back to the Tang Dynasty (618-907) has been found in Daming County, north China’s Hebei Province, during a recent cultural heritage survey.
The gravestone, which is 1,329 years old, stands 46 cm long, 46 cm wide and 9.5 cm thick. According to the 280-word inscription on the stone, its owner was an official at the time.
Wang Jianping, deputy director of the county’s cultural relic protection center, said the gravestone is well preserved and the epigraph is clear, providing a reference point for the study of the local political and economic development in the Tang Dynasty.
It also provides important evidence to assist research on reforms in the local administrative divisions, Wang added. Enditem