Connect with us

Media

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ ရှေးဟောင်းမြို့လေးတွင် မီးထွန်းသရုပ်ပြဖျော်ဖြေမှုက တွမ်းဝူပွဲတော်ကို ပို၍စည်ကားစေ

ဟူလဲ့၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ရှေးဟောင်းမြို့လေးဖြစ်သည့် ဟူလဲ့မြို့တွင် မီးပုံးများလွှတ်၍ ပွဲတော်ကို ဂုဏ်ပြုကြသည့် ဓလေ့ရှိသည်။

နဂါးလှေပွဲတော် (ခေါ်) တွမ်းဝူပွဲတော် ရောက်ရှိလာမည့်အချိန်တွင် ကျေးရွာသူကျေးရွာသားများက ငါးနှင့်နဂါးပုံ မီးပုံးလေးများကို ဆွဲကာ ကြာပန်းသဏ္ဍာန် မီးပုံးများ မြစ်ထဲသို့ မျှောလေ့ရှိကြသည်။

စားပွဲအရှည်ကြီးခင်း၍ ဧည့်ခံကျွေးမွေးခြင်း၊ မီးပုံးပွဲတော် ကျင်းပခြင်းများက ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။
ယခုနှစ်ပိုင်းများတွင် ရှေးဟောင်းမြို့လေးသည် ရိုးရာယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား မြှင့်တင်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် အားထားဆောင်ရွက်လျက်ရှိသည်။ (Xinhua)

……………………………..
(English Version)
GLOBALink | Lantern performance adds festive atmosphere to ancient town in Anhui
HULE TOWN, June 21 (Xinhua) — Hule Town, an ancient town in east China’s Anhui Province, has a tradition of lantern performance to celebrate festivals.
As the Dragon Boat Festival approaches, villagers perform lantern dance with lanterns in the shape of fish and dragon, and place lotus-shaped water lanterns in the river.
A series of activities including the long-table banquet and the lantern fair have been held to attract tourists from home and abroad.
The ancient town has been making efforts to develop tourism industry by promoting traditional culture and intangible cultural heritages in recent years.