Connect with us

Africa & Middle East

အချိန် ၇ နှစ်ကြာပိတ်ထားပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံတွင် အီရန်သံရုံးပြန်လည်ဖွင့်လှစ်

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် အီရန်သံရုံးပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်လာသော အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Alireza Bigdeli (ယာဘက် ဒုတိယ) ကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုအရ အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဆက်ဆံရေးပြန်လည်ထိန်းသိမ်းရန် သဘောတူခဲ့ကြပြီး သုံးလနီးပါးအကြာ၌ အီရန်နိုင်ငံက အချိန် ၇ နှစ်ကြာပိတ်ထားသော ဆော်ဒီအာရေဗျနိုင်ငံရှိ သံရုံးကို ဇွန် ၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် အီရန်သံရုံးပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်လာသော အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Alireza Bigdeli (အလယ်) ဆော်ဒီအာရေဗျနိုင်ငံ ကောင်စစ်ဝန်ရေးရာ ဒုတိယဝန်ကြီး သံအမတ်ကြီး Ali Al-Yousef (ယာဘက် ဒုတိယ) တို့ကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်ကြား ဆက်ဆံရေးအတွက် အရေးပါသော အချိန်အခါဖြစ်ကြောင်း အလေးထားလျက် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်တွင် ကျင်းပသော သံရုံးပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနား၌ အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Alireza Bigdeli က မိန့်ခွန်းပြောကြားခဲ့သည်။

သံတမန်ရေးရာက နိုင်ငံများအကြား ဘုံနားလည်မှု၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု ရရှိရန် ဆက်သွယ်မှုနှင့် ဆွေးနွေးမှုအတွက် အကောင်းဆုံးဆိုလိုရင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်နိုင်ငံတို့သည် ပေကျင်းမြို့၌ မတ်လက တွေ့ဆုံခဲ့ကြပြီး တရုတ်နိုင်ငံက ယင်းနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် သံရုံးများနှင့် မစ်ရှင်များ ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Iran reopens embassy in Saudi Arabia after 7-year closure
RIYADH, June 6 (Xinhua) — Iran reopened on Tuesday its embassy in Saudi Arabia after seven years of closure, nearly three months after the two countries agreed to restore bilateral ties under a Chinese-brokered deal.
Iranian Deputy Foreign Minister Alireza Bigdeli addressed the opening ceremony in the Saudi capital of Riyadh, highlighting the importance of the occasion for the relations between Saudi Arabia and Iran.
He added that diplomacy is the best means for communication and dialogue between countries to reach a common understanding, stability, and peace.
In March, Saudi Arabia and Iran reached in Beijing, China a groundbreaking agreement to resume diplomatic relations and reopen their embassies and missions.
Photo 1: Iranian Deputy Foreign Minister Alireza Bigdeli (2nd R) attends the ceremony to reopen the Iranian embassy in Riyadh, Saudi Arabia, on June 6, 2023. (Xinhua/Wang Haizhou)
Photo 2: Iranian Deputy Foreign Minister Alireza Bigdeli (C) and Saudi Deputy Minister for Consular Affairs Ambassador Ali Al-Yousef (2nd R) attend the ceremony to reopen the Iranian embassy in Riyadh, Saudi Arabia, on June 6, 2023. (Xinhua/Wang Haizhou)