China
ချိန်တူး ကမ္ဘာ့ တက္ကသိုလ်နွေရာသီအားကစားပွဲဆိုင်ရာ သတင်းအချက်အလက်များ

ချိန်တူး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
၃၁ ကြိမ်မြောက် FISU ကမ္ဘာ့တက္ကသိုလ် နွေရာသီအားကစားပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် ဇူလိုင် ၂၈ ရက် ညနေပိုင်း၌ ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတကာ အားကစားမျိုးစုံ ပါဝင်သည့်ပွဲနှင့်ပတ်သက်၍ အဓိကအချက်အလက်၊ အကြောင်းအရာများကို ဖော်ပြအပ်ပါသည်။
– ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံက ပထမဆုံးအကြိမ် နိုင်ငံတကာ အားကစားမျိုးစုံပါဝင်သောပွဲကို ကျင်းပခြင်းဖြစ်သည်။
– တရုတ်နိုင်ငံ ချိန်တူးမြို့တွင် ပြုလုပ်မည့် အားကစားပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၁၃ ခုမှ အမျိုးသားအားကစားသမား ၃,၅၁၂ ဦးနှင့် အမျိုးသမီးအားကစားသမား ၂,၉၈၈ ဦးဖြင့် စုစုပေါင်း အားကစားသမား ၆,၅၀၀ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
– အားကစားပွဲကျင်းပမည့်နေရာများအားလုံးကို လွှမ်းခြုံမှုရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲမှု ထိန်းချုပ်ရေးစခန်း ၂၂ ခု ထည့်သွင်းထားရှိသည်။
– ဘော်လီဘောကစားနည်းတွင် အဖွဲ့ပေါင်း ၂၈ ဖွဲ့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ယင်းပြိုင်ပွဲရှိ အဖွဲ့လိုက်အားကစားနည်းတွင် ယှဉ်ပြိုင်သူအများဆုံး အားကစားနည်းလည်းဖြစ်သည်။
– FISU ကမ္ဘာ့ တက္ကသိုလ်နွေရာသီအားကစားပွဲကြီးတွင် အားကစားနည်း ၁၈ မျိုးနှင့် ပြိုင်ပွဲ ၂၆၉ ခု ပါဝင်သည်။ ဘတ်စကက်ဘော၊ water polo နှင့် မြားပစ် စသည့် အားကစားနည်း ၃ မျိုးကို ဇူလိုင် ၂၇ ရက်တွင် စတင်ကျင်းပခဲ့သည်။
– ဇူလိုင် ၂၉ ရက်တွင် ရွှေတံဆိပ်ဆု ၁၇ ဆုကို ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ယင်းအနက် ဂျူဒိုမှ ၅ ခု၊ သေနတ်ပစ်မှ ၄ ခု၊ တိုက်ကွမ်ဒိုမှ ၂ ခုနှင့် ဝူရှူးမှ ၆ ခု ပါဝင်သည်။
– အားကစားပွဲဖြစ်မြောက်ရေး ပံ့ပိုးရေးအဖွဲ့ဝင် ၂၀,၄၉၄ ဦးက တာဝန်ထမ်းဆောင်ရန် ပြိုင်ပွဲကျင်းပမည့်နေရာ ၄၉ ခု၌ ရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံတကာမှ တာဝန်ရှိသူ ၄၄၆ ဦးနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူ ၁,၀၄၈ ဦးသည်လည်း ချိန်တူးမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
– အလံကိုင်ဆောင်သူ ၂၀၀ ဦး အပါအဝင် ဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားအတွက် စေတနာ့ဝန်ထမ်းများလည်း အသင့်ရှိနေပြီဖြစ်သည်။ (Xinhua)
………………………………
(English Version)
Chengdu Universiade | Figures & facts about Chengdu Universiade
CHENGDU, July 28 (Xinhua) — With the 31st FISU World University Games set to open on Friday evening, here are some of the key facts and figures about this international multi-sport event.
1 – China stages its first international multi-sport event since the COVID-19 pandemic outbreak.
113 – 6,500 athletes from 113 countries and regions will take part in the Games in Chengdu, including 3,512 male athletes and 2,988 female athletes.
22 – 22 doping control stations are in operation covering all the competition venues.
28 – 28 teams will compete in the volleyball, giving the sport the most competitors among the group events.
18 – The FISU World University Games features 18 sports and 269 events. Three sports — basketball, water polo and archery — had kicked off on July 27.
17 – 17 gold medals will be awarded on July 29, including five from judo, four from shooting, two from taekwondo and six from Wushu.
20,494 – 20,494 support team members have reached their posts in 49 venues. 446 international officials and 1,048 Chinese officials have arrived in Chengdu.
200 – All the volunteers for the award ceremonies are ready, including 200 flag raisers.