Connect with us

Politics, Law & Military

ဂျပန်နိုင်ငံက သမုဒ္ဒရာအတွင်း ရေဆိုးစွန့်ထုတ်မှုအစီအစဉ်ကို ရပ်တန့်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု၊ Futabagun ခရိုင်ရှိ Futabacho ဒေသမှ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၂၃ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် အဏ္ဏဝါပတ်ဝန်းကျင်နှင့် ပြည်သူများ၏ အသက်ရှင်ရပ်တည်ရေးနှင့် ကျန်းမာရေးအတွက် တာဝန်ယူမှုရှိရန်နှင့် သမုဒ္ဒရာအတွင်း ရေဆိုးစွန့်ထုတ်ခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မမျှော်မှန်းနိုင်သော အန္တရာယ်များ ကျရောက်စေခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇူလိုင် ၆ ရက်က ပြောကြားခဲ့သည်။သမုဒ္ဒရာအတွင်း နျူကလီးယားရေဆိုးများစွန့်ထုတ်မည့် ဂျပန်၏ အစီအစဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများက ကန့်ကွက်မှုအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မှတ်ချက်ပြုပေးရန် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ရာ ဝမ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ ငါးဖမ်းလုပ်ငန်းအသင်းနှင့် အခြားအသင်းအဖွဲ့များက ရေဆိုးစွန့်ထုတ်ရေးအစီအစဉ်အား ကန့်ကွက်ကြောင်း လူပေါင်း ၃၃,၀၀၀ လက်မှတ်ရေးထိုးထားသည့် နောက်ထပ် အသနားခံစာကို Tokyo Electric Power ကုမ္ပဏီထံ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံရှိ ဒီမိုကရက်တစ်ပါတီက ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှုများအားလုံးကို ပိတ်ပင်ရေး ဥပဒေအတွက်လည်း ထည့်သွင်းစဉ်းစားနေကြောင်း သိရသည်။ တောင်ကိုရီးယား ပြည်သူ ၁.၀၅ သန်းကျော်ကလည်း အဆိုပါ နျူကလီးယားရေဆိုးစွန့်ထုတ်မည့်အစီအစဉ်ကို ကန့်ကွက်သောကမ်ပိန်းများကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားကြသည်။

ပြည်သူများအနေဖြင့် နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အစီရင်ခံစာကို ယုံကြည်မှုမရှိကြောင်းနှင့် ဒေသတွင်းရှိ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထားအာရုံစိုက်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအေဂျင်စီများအား ဆက်လက်ပြောကြားသွားမည်ဖြစ်ကြောင်း ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော ပါပူအာနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.