Connect with us

Videos

တရုတ်-မွန်ဂိုလီးယား နယ်စပ်စခန်းက ကိုင်တွယ်ဆောင်ရွက်ခဲ့သော ကုန်စည်ပမာဏ ၆ လအတွင်း စံချိန်တင်မြင့်တက်

ဟူးဟော့ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးမားဆုံး အဝေးပြေးစခန်းဖြစ်သည့် Ganqmod ဆိပ်ကမ်းက ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် စုစုပေါင်း ကုန်စည်ပမာဏမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း တန်ချိန် ၁၆ သန်းကျော် ရှိခဲ့ကြောင်း ဇူလိုင် ၆ ရက်တွင် နယ်စပ်စခန်းစီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။ဇန်နဝါရီလမှ ဇွန်လအထိ ယင်းစခန်းက ကုန်စည် တန်ချိန် ၁၆.၃၃ သန်းနီးပါး ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၂၀၀.၂၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း နယ်စပ်စခန်းစီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။ ယင်းတိုးတက်မှုမှာ ဘက်ပေါင်းစုံ နှင့် ချောမွေ့သည့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————–
China-Mongolia border port handles record high goods volume in H1
The total volume of goods handled by Ganqmod Port, the largest highway port on the China-Mongolia border, has surpassed 16 million tonnes in the first half of this year, the port administration said Thursday.
From January to June, the port handled a total of nearly 16.33 million tonnes of goods, up 200.26 percent year on year, hitting a record high, said the port administration, attributing this growth to intelligent and streamlined customs clearance.
Xinhua News Agency correspondents reporting from Hohhot, China.(XHTV)