China
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စွမ်းအင်သစ်လုပ်ငန်း ခိုင်မာစွာအားကောင်းလာ
ကွေ့ယန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စွမ်းအင်ထုတ်လုပ်မှု၊ သိုလှောင်မှု အရှိန်မြှင့် ဆောင်ရွက်ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသလို စွမ်းအင်သစ်ကဏ္ဍ၌ အခိုင်အမာတိုးချဲ့လုပ်ဆောက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် ပထမသုံးလပတ်အတွင်း ကွေ့ကျိုးပြည်နယ်၏ စွမ်းအင်သစ်ဘက်ထရီနှင့် ကုန်ကြမ်းပစ္စည်းကဏ္ဍရှိ ထွက်ရှိမှုမှာ ယွမ် ၂၀.၃၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂.၈၃ ဘီလီယံခန့်) ရှိကြောင်း ကွေ့ကျိုး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအင်စတီကျုမှ အစီရင်ခံစာအရ သိရသည်။
အဆိုပါ အစီရင်ခံစာကို ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့၌ ဇူလိုင် ၉ ရက်အထိ နှစ်ရက်ကြာကျင်းပနေသော Eco Forum Global Guiyang 2023 ၌ ကွေ့ကျိုး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအင်စတီကျုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကိန်းဂဏန်းသည် ယမန်နှစ်အလားတူကာလထက် ၆၈.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံ၌ ဖော်ပြထားသည်။ ထိုကဏ္ဍ၏ နှစ်စဉ်ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်တွင် ယွမ် ၁၀၀ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ကွေ့ကျိုးပြည်နယ်ရှိ အဆိုပါကဏ္ဍ၏ စုစုပေါင်းထုတ်လုပ်မှုပမာဏမှာ ယွမ် ၅၃.၂၉ ဘီလီယံရှိပြီး စွမ်းအင်သစ် တပ်ဆင်ထုတ်လုပ်မှုမှာ ကီလိုဝပ် သန်း ၂၀ ကျော်ရှိကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ် လီသီယံအိုင်ယွန်း ဖော့စဖိတ်ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုကလည်း ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၄ သန်းအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ (Xinhua)
………………………………
(English Version)
New-energy industry in SW China’s Guizhou logs steady expansion
GUIYANG, July 8 (Xinhua) — Southwest China’s Guizhou Province has seen a robust expansion in the new-energy sector amid efforts to ramp up energy production and storage and promote green development, an industry report showed.
In the first quarter of this year, the industrial output of Guizhou’s new-energy battery and material sector was about 20.38 billion yuan (about 2.83 billion U.S. dollars), according to the report from the Guizhou Institute of Industrial Development released during the ongoing two-day Eco Forum Global Guiyang 2023, scheduled until July 9 in Guiyang, capital of Guizhou Province.
The figure surged 68.7 percent year on year, according to the report. It has predicted the annual industrial output of the sector to reach 100 billion yuan in 2023.
Last year, the total industrial output of the sector in the province stood at 53.29 billion yuan, and the new-energy installed capacity exceeded 20 million kilowatts.
It also projected that the annual production capacity of lithium iron phosphate material will reach 1.4 million tonnes in 2025.
Photo: Engineers conduct maintenance work at a floating solar farm in Panji District of Huainan City, east China’s Anhui Province, July 20, 2021. (Xinhua/Zhou Mu)