Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဟွန်မန်နက်အား လွှတ်တော်တွင် မဲခွဲ၍ အတည်ပြု

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် ဟွန်မန်နက် (လယ်) ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရပြီးနောက် ဟွန်မန်နက် (Hun Manet) အား ငါးနှစ်တာ တာဝန်ထမ်းဆောင်မည့် ဝန်ကြီးချုပ်သစ်အဖြစ် အောက်လွှတ်တော်က ဩဂုတ် ၂၂ ရက်၌ အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင် TVK သတင်းဌာနအရ သိရသည်။
ဟွန်မန်နက်အား ဝန်ကြီးချုပ်သစ်အဖြစ် အစည်းအဝေးတက်ရောက်လာသူ လွှတ်တော်အမတ် ၁၂၃ ဦးက တစ်ညီတစ်ညွတ်တည်း ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ အောက်လွှတ်တော်က ဟွန်မန်နက်၏ အစိုးရအဖွဲ့သစ် အဖွဲ့ဝင်များကိုလည်း ၂၀၂၃-၂၀၂၈ သက်တမ်းအတွက် အတည်ပြုခဲ့ကြောင်း သိရသည်။
အသက် ၄၅ နှစ်အရွယ် ဟွန်မန်နက်သည် ရာထူးမှနုတ်ထွက်သွားခဲ့သော၊ နှစ်ပေါင်း ၃၈ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ၎င်း၏ဖခင် အသက် ၇၁ နှစ်အရွယ် ဆမ်ဒက် တက်ခ်ချိုဟွန်ဆန်၏ နေရာ၌ ဆက်ခံခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Hun Manet confirmed as Cambodia’s new PM in parliament vote
PHNOM PENH, Aug. 22 (Xinhua) — Cambodia’s National Assembly on Tuesday confirmed Hun Manet as the new prime minister for a five-year term after his ruling Cambodian People’s Party (CPP) won a landslide victory in the July 23 general election, according to the state-run TVK.
Some 123 lawmakers in attendance unanimously voted for him as the new prime minister.
The National Assembly also approved Hun Manet’s new cabinet members for the 2023-2028 term.
Hun Manet, 45, succeeded his 71-year-old father Samdech Techo Hun Sen, who stepped down after having held the position for more than 38 years.
Photo: Cambodia’s Prime Minister-Designate Hun Manet (C) shakes hands with a senior official in Phnom Penh, Cambodia, Aug. 10, 2023. (Photo by Ly Lay/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.