Connect with us

Asia

ဗီယက်နမ်နိုင်ငံ မြို့တော်တွင် တိုက်ခန်းတွဲမီးလောင်မှုကြောင့် လူ ၅၆ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Thanh Xuan ခရိုင် Khuong Dinh ရပ်ကွက်တွင် ဒဏ်ရာရသူတစ်ဦး လွှဲပြောင်းပေးနေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဟနွိုင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် တိုက်ခန်းတွဲတစ်ခု မီးလောင်ကာ ပိတ်မိနေခြင်းကြောင့် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းအထိ သေဆုံးသူအရေအတွက်မှာ ၅၆ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၃၇ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများအနက် ၃၉ ဦးအား ခွဲခြားသိရှိပြီးဖြစ်ကြောင်း Vietnam News Agency က သတင်းဖော်ပြခဲ့သည်။

Thanh Xuan ခရိုင်ရှိ အထပ် ၉ ထပ်တိုက်ခန်းတွဲ ပိုင်ရှင် အသက် ၄၄ နှစ်အရွယ် အမျိုးသားကို တရားစွဲဆိုထားပြီး မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Khuong Dinh ရပ်ကွက်ရှိ လူပေါင်း ၁၅၀ ခန့်နေထိုင်သည့် တိုက်ခန်းတွဲရှိ စတုရန်းမီတာ ၂၀၀ ကျော်ရှိသော ပထမထပ်တွင် စက်တင်ဘာ ၁၂ ရက် ညသန်းခေါင်ယံမတိုင်မီက ထိုသို့မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမ ၈ လအတွင်း မီးလောင်မှုနှင့် ပေါက်ကွဲမှု ၁,၂၈၆ ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၉ ဦး သေဆုံးခဲ့ကာ ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်များကြောင့် ဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ် ဒေါင်ငွေ ၂၀၀.၇ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၈.၃ သန်း) ရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Thanh Xuan ခရိုင် Khuong Dinh ရပ်ကွက်တွင် တိုက်ခန်းတွဲငယ်၌ မီးလောင်မှုဖြစ်ပွားသောမြင်ကွင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

………………………………
(English Version)
Fire kills 56 at apartment building in Vietnamese capital
HANOI, Sept. 14 (Xinhua) — A fire at a mini apartment block has killed 56 and injured 37 as of Wednesday evening in Vietnam’s capital Hanoi.
Of the 56 fatalities, 39 have been identified, Vietnam News Agency reported.
A 44-year-old local man, the owner of the nine-story apartment block in Thanh Xuan district, has been prosecuted and detained for having violated regulations on fire prevention and fighting.
The fire broke out before Tuesday midnight at the first story of the block with a floor area of over 200 square meters in Khuong Dinh ward, where some 150 people live.
In the first eight months of this year, Vietnam saw 1,286 fires and explosions, which killed 69 people, injured 64 others, and caused property losses of nearly 200.7 billion Vietnamese dong (8.3 million U.S. dollars), the country’s General Statistics Office said.
Photo 1: Rescuers transfer an injured person in Khuong Dinh ward, Thanh Xuan district, Hanoi, Vietnam, Sept. 13, 2023. (VNA via Xinhua)
Photo 2: This photo taken on Sept. 13, 2023 shows a view of the mini apartment block after a fire in Khuong Dinh ward, Thanh Xuan district, Hanoi, Vietnam. (VNA via Xinhua)