Connect with us

Media

တရုတ်-စင်ကာပူ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

စင်ကာပူ ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ Jurong အခြေစိုက်စခန်း၌ ပြုလုပ်သည့် တရုတ်နိုင်ငံနှင့်စင်ကာပူနိုင်ငံတို့၏ ငါးကြိမ်မြောက် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုသည် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နှင့် စင်ကာပူ လက်ရွေးစင်မြေပြင်တပ်ဖွဲ့များသည် စက်တင်ဘာ ၁၂ ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည့် မြို့ပြအကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုအတွင်း ကင်းထောက်ခြင်း ၊ ဝန်းရံခြင်းနှင့် ထိန်းချုပ်ခြင်း ၊ ထိုးဖောက်ဝင်ရောက်ခြင်း ၊ စီးနင်းတိုက်ခိုက်ခြင်း ၊ ဓားစာခံကယ်ဆယ်ခြင်း နှင့် အလျင်အမြန်ပြောင်းရွှေ့ပေးခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
China-Singapore joint military exercise concludes
China and Singapore have successfully concluded the fifth edition of a bilateral training exercise at the Jurong Camp in Singapore.
Elite Chinese and Singaporean ground forces exercised reconnaissance, encirclement and control, penetration, fire strikes, hostage rescue, and rapid evacuation in mixed task force groups during a comprehensive urban anti-terrorism drill Tuesday.
Xinhua News Agency correspondents reporting from Singapore.(XHTV)