Connect with us

China

မြစ်ကျဉ်းသုံးသွယ်ရေကာတာ သင်္ဘောရေပြင်ညှိဆည်များမှ လစဉ်ကုန်စည်ဖြတ်သန်းစီးဆင်းမှု စံချိန်တင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ သင်္ဘောဖြတ်သန်းသွားလာရန် အဆင့် ၅ ဆင့်ပါဝင်သော ရေပြင်ညှိဆည်မှ ဖြတ်သန်းသွားသော သင်္ဘောများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယန်ဇီမြစ် မြစ်ညာပိုင်းရှိ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာတွင် သင်္ဘောဖြတ်သန်းသွားလာရန် အဆင့် ၅ ဆင့်ရှိသော ရေပြင်ညှိဆည်မှတစ်ဆင့် လစဉ်ကုန်စည်ဖြတ်သန်းမှုမှာ ဩဂုတ်လ၌ တန်ချိန် ၁၅.၇၁ သန်းကျော်ဖြင့် စံချိန်တင်မြင့်မားခဲ့ကြောင်း China Three Gorges ကော်ပိုရေးရှင်းအရ သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ သင်္ဘောဖြတ်သန်းသွားလာရန် အဆင့် ၅ ဆင့်ပါဝင်သော ရေပြင်ညှိဆည်မှ ဖြတ်သန်းသွားသော သင်္ဘောများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ သင်္ဘောဖြတ်သန်းသွားလာရန် အဆင့် ၅ ဆင့်ပါဝင်သော ရေပြင်ညှိဆည်မှ ဖြတ်သန်းသွားသော သင်္ဘောများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်မြို့ ကျစ်ကွေးခရိုင်ရှိ ကျစ်ကွေးဆိပ်ကမ်းတွင် သင်္ဘောများခုတ်မောင်းနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်သည် အရှေ့မှ အနောက်သို့ ကုန်းတွင်းမှ ဖြတ်သန်းစီးဆင်းသွားခြင်းဖြစ်ပြီး နိုင်ငံ၏ “ရွှေရောင် သင်္ဘောလမ်းကြောင်း” အဖြစ် သတ်မှတ်ထားသည်။

ဩဂုတ်လအတွင်း ရေပြင်ညှိဆည်မှ လုပ်ငန်းလည်ပတ်မှု ၉၆၅ ကြိမ်ရှိခဲ့ကာ သင်္ဘောဖြတ်သန်းမှု ၃,၇၃၇ ကြိမ်ရှိခဲ့ကြောင်း ကော်ပိုရေးရှင်းအရ သိရသည်။
အဆိုပါ မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ဘက်စုံသုံးရေလမ်းကြောင်းထိန်းချုပ်စနစ်ဖြစ်ပြီး အရှည် ၂,၃၀၉ မီတာနှင့် အမြင့် ၁၈၅ မီတာရှိသော ဆည်တစ်ခု၊ မြောက်ဘက်မှ တောင်ဘက်သို့ သင်္ဘောဖြတ်သန်းသွားလာရန် အဆင့် ၅ ဆင့်ရှိသော ရေပြင်ညှိဆည်နှင့် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၂၂.၅ သန်းထုတ်လုပ်နိုင်စွမ်းရှိသော တာဘိုဂျင်နရေတာ ၃၄ လုံး ပါဝင်ကြောင်း သိရသည်။

သင်္ဘောရေပြင်ညှိဆည်များကို ၂၀၀၃ ခုနှစ် ဇွန်လတွင် စမ်းသပ်လည်ပတ်ရန် ဖွင့်လှစ်ခဲ့ချိန်မှစ၍ ဖြတ်သန်းသွားလာသော ကုန်တင်သင်္ဘောပမာဏမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ (Xinhua)

………………………………
(English Version)
Three Gorges Dam ship locks log record monthly cargo throughput
WUHAN, Sept. 4 (Xinhua) — The monthly cargo throughput via the five-tier ship locks at the Three Gorges Dam, the world’s largest hydropower project in the upper stream of the Yangtze, reached a record high of over 15.71 million tonnes in August, according to the China Three Gorges Corporation.
China’s longest river, the Yangtze is an east-west inland waterway, and it is regarded as the country’s “golden shipping route.”
During August, the ship locks operated 965 times and saw the passing of 3,737 vessels, according to the corporation.
The Three Gorges project is a multi-functional water-control system, consisting of a 2,309-meter-long and 185-meter-high dam, five-tier ship locks on the north and south sides, and 34 turbo-generators with a combined power generating capacity of 22.5 million kilowatts.
Since the ship locks opened to trial navigation in June 2003, the volume of freight passing through them has increased rapidly.
Photo 1, 2, 3: This aerial photo taken on Sept. 4, 2023 shows ships passing through the five-tier ship locks of the Three Gorges Dam in Yichang, central China’s Hubei Province. (Photo by Zheng Jiayu/Xinhua)
Photo 4: This aerial photo taken on Sept. 4, 2023 shows ships sailing at the Zigui Harbor in Zigui County of Yichang, central China’s Hubei Province. (Photo by Zheng Jiayu/Xinhua)