Connect with us

China

သမ္မတ ရှီက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်တွင် ရေလွှမ်းမိုးခံရသော ရွာသူ/ရွာသားများထံ သွားရောက်လည်ပတ်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဟေးလုံကျန်းပြည်နယ် ဆန့်ကျစ်မြို့၊ လုံဝမ်မြောက်ကျေးရွာရှိ ဆန်စပါးကောက်ပဲသီးနှံစိုက်ခင်းတွင် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးမှုကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ဆန့်ကျစ်မြို့ရှိ ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသော ရွာသူ/ရွာသားများထံ စက်တင်ဘာ ၇ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဟေးလုံကျန်းပြည်နယ် ဆန့်ကျစ်မြို့၊ လုံဝမ်မြောက်ကျေးရွာရှိ ဆန်စပါးကောက်ပဲသီးနှံစိုက်ခင်းတွင် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီးမှုကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဟေးလုံကျန်းပြည်နယ် ဆန့်ကျစ်မြို့၊ လုံဝမ်မြောက်ကျေးရွာရှိ ဒေသခံတစ်ဦး၏နေအိမ်သို့ သွားရောက်လည်ပတ်စဉ် (ဆင်ဟွာ)

လုံဝမ်မြောက်ကျေးရွာ၌ ရှိနေစဉ် သမ္မတ ရှီက ဆန်စပါးကောက်ပဲသီးနှံစိုက်ခင်းများပေါ် ရေလွှမ်းမိုးမှု၏ သက်ရောက်မှုကို ကြည့်ရှုစစ်ဆေးရန် လယ်ကွင်းများအတွင်း လမ်းလျှောက်သွားခဲ့သည်။ ထို့ပြင် ရှီသည် လမ်းများတစ်လျှောက် သွားလာနေစဉ် ပျက်စီးနေသောနေအိမ်များ၊ အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှီသည် ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုများနှင့် နေ့စဉ်လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် ရွာသူ/ရွာသားများ၏ နေအိမ်များသို့ သွားရောက်လည်ပတ်ခဲ့ကာ အခက်အခဲများ ကျော်လွှားနိုင်ရန် ၎င်းတို့၏ ယုံကြည်မှုကို အားပေးမြှင့်တင်ခဲ့သည်။ ရွာသူ/ရွာသားများအနေဖြင့် မကြာမီ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုနှင့် နေထိုင်မှုဘဝပုံများသို့ ပြန်လည်ရောက်ရှိကာ ၎င်းတို့၏ လူနေမှုဘဝများ ဆက်လက်တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi visits flood-affected villagers in NE China’s Heilongjiang Province
HARBIN, Sept. 7 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee, on Thursday visited flood-affected villagers in the city of Shangzhi, northeast China’s Heilongjiang Province.
In the village of Longwangmiao, Xi walked into the fields to check the impact of the floods on the rice crops. He also inspected the work on the restoration of damaged houses and infrastructure while walking along the streets.
Visiting villagers’ homes to learn about their losses and the supply of daily necessities, Xi encouraged them to bolster their confidence to overcome difficulties. He expressed the hope that they will soon be able to resume normal work and life, and that their lives will continue to improve.
Photo 1,2: General Secretary of the Communist Party of China Central Committee Xi Jinping, also Chinese president and chairman of the Central Military Commission, walks into the fields to check the impact of the floods on the rice crops in the village of Longwangmiao, Shangzhi City, northeast China’s Heilongjiang Province, Sept. 7, 2023. (Xinhua/Xie Huanchi)
Photo 3: General Secretary of the Communist Party of China Central Committee Xi Jinping, also Chinese president and chairman of the Central Military Commission, visits a villager’s home to learn about the losses and the supply of daily necessities in the village of Longwangmiao, Shangzhi City, northeast China’s Heilongjiang Province, Sept. 7, 2023. (Xinhua/Yin Bogu)