Connect with us

China

၈ ကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပေကျင်းမြို့တွင် ကျင်းပ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပေကျင်းမြို့တွင် ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

၇ ကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှစ၍ တိုးတက်မှုကို ဝမ်က ချီးကျူးပြောကြားခဲ့ပြီး LMC နိုင်ငံများအနေဖြင့် နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာအဆင့်မြှင့်တင်လျက်ရှိသလို အောင်မြင်မှုအသစ်များစွာ ရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင် အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် ပူးတွဲတည်ဆောက်ရေးအတွက် မဲခေါင်နိုင်ငံများနှင့်အတူ ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် အားလုံးပါဝင်မှုရှိသော စည်းမျဉ်းကို လိုက်နာစောင့်ထိန်းမည်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ သာဓက၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက် အကောင်အထည်ဖော်ခြင်း၏ ဦးဆောင်လမ်းပြမှု၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် အကောင်အထည်ဖော်မှု၏ ရှေ့ဆောင်သူနှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် အကောင်အထည်ဖော်ခြင်း၏ ပါဝင်ယှဉ်ပြိုင်သူအဖြစ် ဒေသတွင်းကို ပူးတွဲတည်ဆောက်မည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။
ထို့ပြင် LMC အနေဖြင့် နောက်ထပ်တစ်ဆင့်၏ နယ်ပယ်ခြောက်ခုဖြစ်သော အေးအတူ ပူအမျှ နီးကပ်သောအသိုက်အဝန်း တည်ဆောက်ရေး၊ အချင်းချင်း ပိုမိုချိတ်ဆက်မှုရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရပ်ဝန်း ဖန်တီးရေး၊ ပိုမိုလုံခြုံ တိုးတက်မှုရှိသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရေး၊ ပိုမိုအလားအလာကောင်းသော ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ကူးပြောင်းရေး၊ ပိုမိုထူးခြားမှုများနှင့်အတူ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ ပိုမို၍ အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှု သဘောထားကို အားပေးထောက်ခံရေးတို့ကို အာရုံစိုက်သင့်ကြောင်း ဝမ်က အကြံပြုခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) တွင် အပြုသဘောဆောင်သော တိုးတက်မှုကို ဝန်ကြီးများက ချီးကျူးပြောကြားခဲ့ကြပြီး LMC သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမှု၊ ဒေသတွင်း တိုးတက်မှုနှင့် သာယာဝပြောမှု၊ နိုင်ငံအားလုံး၏ စက်မှုအသွင်ကူးပြောင်းမှုနှင့် ခေတ်မီအသွင်ပြောင်းမှု၏ အရေးကြီးသော ပလက်ဖောင်းတစ်ခုရှိလာသည်ကိုလည်း သဘောတူခဲ့ကြသည်။

LMC ကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုအား အစည်းအဝေးတက်ရောက်လာသူများက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နောက်ထပ်တစ်ဆင့်တွင် လုပ်ငန်းစဉ်ဦးတည်ချက်ဆိုင်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်များကိုလည်း သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Eighth LMC Foreign Ministers’ Meeting held in Beijing
BEIJING, Dec. 7 (Xinhua) — The eighth Lancang-Mekong Cooperation (LMC) Foreign Ministers’ Meeting was held in Beijing on Thursday.
Member of the Political Bureau of the Communist Party of China Central Committee and Foreign Minister Wang Yi and Myanmar’s Deputy Prime Minister and Union Minister for Foreign Affairs U Than Swe co-chaired the meeting.
Wang hailed the progress since the seventh LMC Foreign Ministers’ Meeting, adding the LMC countries have steadily advanced cooperation in various fields and achieved a series of new achievements.
Wang said China will pursue the principle of amity, sincerity, mutual benefit and inclusiveness to work with Mekong countries to jointly build a Lancang-Mekong community with a shared future, jointly make the region an example for Belt and Road cooperation, a pacesetter for implementing the Global Development Initiative, a pioneer for implementing the Global Security Initiative and a front-runner for implementing the Global Civilization Initiative.
Wang suggested that LMC should focus on six areas in the next stage: building a closer community of shared future, creating a more interconnected economic development belt, creating a more secure development environment, moving towards a more digital development prospect, deepening cultural and people-to-people cooperation with more characteristics, and advocating a more inclusive cooperation concept.
The ministers spoke highly of the positive progress made in the LMC, and agreed that the LMC has become an important platform for maintaining regional peace and stability, promoting regional development and prosperity as well as the industrialization and modernization of all countries.
The parties appreciated China’s positive contribution to promoting the LMC and agreed to China’s proposals on the direction of work in the next stage.
Photo 1, 2, 3: The eighth Lancang-Mekong Cooperation (LMC) Foreign Ministers’ Meeting is held in Beijing, capital of China, Dec. 7, 2023. (Xinhua/Li Tao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.