Connect with us

Europe

တရုတ်နိုင်ငံ၏ EV နည်းပညာက ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးလျက်ရှိသည်ဟု ဟန်ဂေရီနိုင်ငံ အမျိုးသားစီးပွားရေးဝန်ကြီး ပြောကြား

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့၌ ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဟန်ဂေရီနိုင်ငံ အမျိုးသားစီးပွားရေးဝန်ကြီး မာတန်နာဂီက ဖြေကြားနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပက်စ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ် (EV) နည်းပညာက ခြိမ်းခြောက်မှုလည်းမဟုတ်၊ အန္တရာယ်လည်းမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတစ်ခုသာဖြစ်သည်ဟု ဟန်ဂေရီနိုင်ငံ အမျိုးသားစီးပွားရေးဝန်ကြီး မာတန်နာဂီက မကြာမီက ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံရဲ့ EV နည်းပညာက ခြိမ်းခြောက်မှုလည်းမဟုတ်၊ အန္တရာယ်လည်း မဟုတ်ဘူးဆိုတာကို ဥရောပအနေနဲ့ သိမြင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ အဲဒါက နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတစ်ခုပါပဲ” ဟု နာဂီက ဆိုသည်။
တရုတ်နိုင်ငံ၏ EV မော်တော်ယာဉ်များနှင့် ပတ်သက်၍ ပြင်းထန်သည့် စည်းကြပ်ခွန်သတ်မှတ်မှုများ ပြုလုပ်မည့်အစား ပိုမိုအပြုသဘောဆောင်သည့် ချဉ်းကပ်မှုပုံစံက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စည်းကြပ်ခွန်သတ်မှတ်ခြင်းက အဆိုးရွားဆုံး လမ်းကြောင်းဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အပြန်အလှန်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းများဖြစ်ကြောင်းလည်း ဟန်ဂေရီဝန်ကြီးက ပြောကြားခဲ့သည်။
သုတေသနနှင့် တီထွင်မှုဘက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန်၊ အားလုံးအတွက် အကျိုးရှိစေပြီး တရုတ်နိုင်ငံနှင့် သင့်လျော်သည့် ယှဉ်ပြိုင်မှုကို အားပေးရန် ဥရောပသမဂ္ဂ (အီးယူ) နှင့် အမေရိကန်နိုင်ငံတို့အား နာဂီက တိုက်တွန်းခဲ့သည်။
“တရုတ်မော်တော်ယာဉ်ကုမ္ပဏီတွေက တော်တော်ကိုအောင်မြင်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့ထဲက တချို့ကုမ္ပဏီတွေဆိုရင် ဥရောပမှာ လာရောက်အခြေစိုက်ပြီး ထုတ်လုပ်ဖို့ စီစဉ်နေကြပါပြီ” ဟု ၎င်းက ဆိုသည်။
လျှပ်စစ်မော်တော်ယာဉ်များက သုံးစွဲသူများအတွက် ဈေးနှုန်းပိုမိုသက်သာလာကာ ဘက်ထရီကုန်ကျစရိတ် လျော့ကျလာပြီး ခရီးအကွာအဝေး ပိုမိုမောင်းနှင်လာနိုင်ကြောင်း၊ ထိုအချက်အားလုံးက အလွန်အပြုသဘောဆောင်သည့် ရလဒ်များဖြစ်ကြောင်း နာဂီက ပြောကြားခဲ့သည်။
ဥရောပအနေဖြင့် ၎င်းတို့၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၏ ပတ်ဝန်းကျင်စိမ်းလန်းရေးကို ဦးတည်သော အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း နာဂီက ဆိုသည်။
“ကျွန်တော်တို့ဟာ အခြေခံအဆောက်အအုံအတွက် အားသွင်းကွန်ရက်တွေကို ထပ်မံတည်ဆောက်ရပါမယ်။ အဲဒါက မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံးကို ခေတ်သစ်ကာလဆီ အရောက်ပို့ပေးနိုင်မယ့် စစ်မှန်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်သလို ပတ်ဝန်းကျင်စိမ်းလန်းရေးကို ဦးတည်တဲ့ အသွင်ကူးပြောင်းမှုအတွက်လည်း စစ်မှန်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဟန်ဂေရီအစိုးရအနေဖြင့် စီးပွားရေးအတွက် တံခါးဖွင့်ထားမှုနှင့် ပေါင်းကူးချိတ်ဆက်မှုကို ထောက်ခံအားပေးလျက်ရှိကြောင်းလည်း နာဂီက အလေးအနက်ပြောကြားခဲ့သည်။
“အီးယူဈေးကွက်ထဲကို တရုတ်ကုမ္ပဏီတွေ ဝင်ရောက်လာတာက နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိစေမယ့် အခြေအနေလို့ ကျွန်တော် ယူဆပြီး ဟန်ဂေရီနိုင်ငံဟာလည်း သင့်တင့်လျောက်ပတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ နိုင်ငံရေးတည်ငြိမ်မှု၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် ခိုင်ခိုင်မာမာပံ့ပိုးမှု၊ အရည်အသွေးမြင့်မားတဲ့ လုပ်သားအင်အားစု ရှိနေတာတွေ‌ကြောင့် တံခါးပေါက်တစ်ခုအဖြစ် တည်ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


…………………..
(English Version)
Chinese EV technology brings development opportunity: Hungarian minister
BUDAPEST, Sept. 27 (Xinhua) — Chinese electric vehicle (EV) technology is neither a threat nor a danger, but a development opportunity, Hungarian Minister for National Economy Marton Nagy said in a recent interview with Xinhua.
“It’s very important to see in Europe that Chinese (EV) technology is not a threat, not a danger,” Nagy said, adding, “This is an opportunity for technological development.”
Regarding Chinese EVs, the more constructive approach is to strengthen cooperation with China, rather than imposing punitive tariffs, he said, adding that he believes “that is the worst path.”
Dialogue and cooperation are the best solutions, according to the Hungarian minister.
Nagy urged the European Union (EU), even the United States to invest more in research and development, and to foster healthy competition with China, which would ultimately benefit everyone.
“I believe Chinese car companies have been very successful,” he said, adding that some of them are now planning to localize production in Europe.
Nagy said that for consumers, electric vehicles are becoming cheaper, battery costs are falling, and driving ranges are increasing, all of which are very positive outcomes.
Europe must accelerate the green transition of its automotive industry, which will also help improve the EU’s competitiveness, Nagy said.
“We have to build more charging networks to have infrastructure, and this is a real strategy to push the whole vehicle industry to a new era, that of the green transition,” he said.
Nagy also pointed out that the Hungarian government supports economic openness and connectivity.
“I see it as a win-win situation when Chinese companies enter the EU market, with Hungary serving as a gateway thanks to its favorable investment climate, political stability, strong support for investors, and a highly skilled workforce,” he said. Enditem
English Caption
Hungarian Minister for National Economy Marton Nagy speaks during an interview with Xinhua in Budapest, Hungary on Sept. 25, 2024. (Photo by Attila Volgyi/Xinhua)