Connect with us

China

သမ္မတ ရှီ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို မြို့တော် ပေကျင်းတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ ကာဇန်မြို့တွင် အောက်တိုဘာ ၂၂ ရက် မှ ၂၄ ရက်အထိ ကျင်းပမည့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က အောက်တိုဘာ ၁၈ ရက်၌ ကြေညာခဲ့သည်။
မကြာမီကျင်းပမည့် အဆိုပါ ထိပ်သီးအစည်းအဝေးသည် BRICS အဖွဲ့ဝင်နိုင်ငံတိုးချဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပ‌ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်ခြင်းခံရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နောက်ထပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သော မော်နင်က ယင်းနေ့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သမ္မတ ရှီသည် အစည်းအဝေးငယ်နှင့် အစည်းအဝေးကြီးများ၊ BRICS Plus ခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်သလို အရေးကြီးမိန့်ခွန်းလည်း ပြောကြားမည်ဖြစ်ကြောင်း မော်က ဆိုသည်။ ထို့ပြင် သမ္မတ ရှီသည် လက်ရှိနိုင်ငံတကာအခြေအနေ၊ BRICS လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၊ BRICS ယန္တရားတိုးတက်မှုနှင့် ဘုံစိုးရိမ်ပူပန်သော အရေးကြီးကိစ္စရပ်များအပေါ် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
BRICS အဖွဲ့စတင်တည်ဆောက်ချိန်က အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ထောက်ခံအားပေးရန်၊ နိုင်ငံတကာရေးရာများတွင် အပြုသ‌ဘောဆောင်သော၊ တည်ငြိမ်သော၊ စေတနာထက်သန်သောအင်အား ဖြစ်လာရေး ကတိပြုထားခဲ့ကြကြောင်း မော်က ပြောခဲ့သည်။
တရုတ်နိုင်ငံသည် BRICS ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်၍ တည်တံ့ခိုင်မြဲ တိုးတက်မှုရှိစေရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်၍ မိမိတို့ကိုယ်တိုင် တိုးတက်မှုရှိသော ခေတ်သစ် ဖွင့်လှစ်‌ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲမြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိကြောင်း မော်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
Xi to attend 16th BRICS Summit in Russia
BEIJING, Oct. 18 (Xinhua) — Chinese President Xi Jinping will attend the 16th BRICS Summit in Kazan, Russia, from Oct. 22 to 24 at the invitation of President of the Russian Federation Vladimir Putin, foreign ministry spokesperson Hua Chunying announced here on Friday.
The upcoming summit, the first to be held after the BRICS expansion, has attracted wide attention from the international community, Mao Ning, another foreign ministry spokesperson, told a news briefing on the same day.
According to Mao, Xi will attend small- and large-scale leaders’ meetings and the BRICS Plus leaders’ dialogue, and deliver important speeches. Xi will also have in-depth exchanges with leaders of other countries on the current international situation, practical BRICS cooperation, the development of the BRICS mechanism and important issues of common concern.
Mao said that since the inception of BRICS, the member states have been committed to upholding multilateralism and becoming a positive, stabilizing and benevolent force in international affairs.
China is ready to work with all parties to ensure the steady and enduring progress of BRICS cooperation, open a new era of unity and self-improvement for the Global South, and jointly promote world peace and development, Mao added.
Photo: Chinese President Xi Jinping hosts the 14th BRICS Summit via video link in Beijing, capital of China, June 23, 2022. (Xinhua/Li Xueren)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.