Connect with us

Videos

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ခေတ်မီနည်းပညာက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကို မြှင့်တင်ပေး

ရှင်းကျန်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် နေရောင်ခြည်နှင့် လေစွမ်းအင် အပါအဝင် စွမ်းအင်အရင်းအမြစ်ပေါကြွယ်ဝသောနေရာဖြစ်ပြီး အဓိကအရေးပါသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းလည်း ရှိသည်။ လျှပ်စစ်ဓာတ်အားလိုင်းများမှာလည်း ယခင်ကထက် ပိုမိုခေတ်မီလာခဲ့သည်။ အကယ်၍ စက်ကိရိယာများ ပြဿနာဖြစ်ပေါ်လာပါက ဗဟိုကွပ်ကဲရေးစနစ်က ထိုပြဿနာများကို ဖြေရှင်းရန် စက်ရုပ်ကို အ‌ဝေးထိန်းစနစ်ဖြင့် လည်ပတ်လုပ်ကိုင်စေမည်ဖြစ်သည်။

State Grid Changji လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဖြူးရေးကုမ္ပဏီအောက်ရှိ ဓာတ်အားခွဲရုံတွင် ဉာဏ်ရည်ထည့်သွင်းထားသော ဓာတ်အားလိုင်းစစ်ဆေးရေးစက်ရုပ်၊ အနီအောက်ရောင်ခြည် HD ကင်မရာများနှင့် ဒရုန်းတစ်စင်း စသည်တို့ ပါဝင်ကာ နေ့စဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

အွန်လိုင်းစစ်ဆေးခြင်းစနစ်နှင့်အတူ အဆိုပါ ခေတ်မီစက်ကိရိယာများသည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသတစ်ခွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို အရည်အသွေးမြင့်မြင့်၊ ထိထိရောက်ရောက် မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်မှစ၍ State Grid ကုမ္ပဏီသည် ရှင်းကျန်းဒေသတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးချန်နယ်သုံးခု တည်ဆောက်ပြီး ဒေသတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့်ဒေသ ၂၀ ထံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဩဂုတ်လကုန်ပိုင်းအထိ ရှင်းကျန်းဒေသသည် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၈၂၆.၁ ဘီလီယံ ထုတ်လုပ်ခဲ့ကာ နိုင်ငံတစ်ဝန်း အခြားဒေသများထံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Smart technology enhances power supply in China’s Xinjiang
STANDUP (English): CHENG NAN, Xinhua correspondent
“Xinjiang Uygur Autonomous Region is rich in energy resources, including solar and wind power, and has significant power generation capacity. Power grid goes smarter than ever before. If there are problems on the devices, the central command system will remotely operate the robot to solve problems.”
At a substation under the State Grid Changji power supply company, an intelligent inspection robot, infrared HD cameras, and a drone are on duty for daily maintenance.
Coupled with the online inspection system, these smart devices have played an important role in enhancing the quality and efficiency of power supply across China’s Xinjiang.
Since 2010, the State Grid has constructed three power transmission channels in Xinjiang to deliver locally generated electricity to 20 provincial-level regions across China.
As of the end of August this year, Xinjiang had transmitted a total of 826.1 billion kWh of locally generated electricity to other parts of the country.
Photo: This photo taken on Dec. 20, 2023 shows a photovoltaic power project in Kazak Autonomous County of Mori, Changji Hui Autonomous Prefecture, northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Zhang Cheng)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.