Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ပရီးမီးယားလိဂ်တွင် မန်စီးတီးက ဆောက်သမ်တန်အား အနိုင်ယူကာ ပြိုင်ဘက်များအား ဆက်လက်ဖိအားပေး
အောက်တိုဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ချက်စတာစီးတီးနှင့် ဆောက်သမ်တန်အသင်းတို့၏ ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ကာ အောက်တိုဘာ ၂၇ ရက်၌ အာဆင်နယ်အသင်းအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည့် လီဗာပူးလ်အသင်းအား ဖိအားပေးနိုင်ခဲ့သည်။
ပွဲချိန် ၅ မိနစ်တွင် အာလင်ဟာလန်း၏ အပြင်းကန်ချက်ဖြင့် မန်စီးတီးအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခွင့်အရေးအများအပြား ရရှိခဲ့သော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်း မရှိပေ။ ပက်ပ်ဂွါဒီယိုလာ၏ မန်စီးတီးအသင်းမှာ ယခုနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းအား ၂ မှတ် အသာရထားသလို လတ်တလောတွင် အဆင့်-၄ နေရာ၌ ရပ်တည်နေသည့် အာဆင်နယ်အသင်းအား ၆ မှတ် ဖြတ်ထားနိုင်ခဲ့သည်။
…..
ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်း၏ El Clasico ပွဲစဉ်၌ ဘာစီလိုနာက ၄ ဂိုးပြတ် အနိုင်ရရှိကာ လီဝန်ဒေါစကီးက ၂ ဂိုးသွင်းယူ
အောက်တိုဘာ ၂၆ ရက် ညပိုင်းက ရီးရဲလ်မက်ဒရစ်၏အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့၏ El Clasico ပွဲစဉ်၌ ဘာစီလိုနာအသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးများကို ရောဘတ် လီဝန်ဒေါစကီးက ၂ ဂိုး၊ လာမိုင်းယာမားလ်နှင့် ရာဖင်ညာတို့က ၁ ဂိုးစီ သွင်းယူခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းအား ၆ မှတ်ဖြတ်ကာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်လျက်ရှိပြီး ရီးရဲလ်အသင်းကမူ လာလီဂါ၌ ၄၂ ပွဲဆက် ရှုံးပွဲမရှိသည့်စံချိန် ကျိုးပျက်သွားကာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ဘာစီလိုနာအသင်း၏ ရှုံးပွဲမရှိစံချိန်အား လိုက်မီရန် တစ်ပွဲအလိုတွင် စံချိန်ကျိုးပျက်သွားခြင်းဖြစ်သည်။
…..
လိုက်ပ်ဇစ်က ဖရိုင်းဘတ်အား အနိုင်ယူကာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိလာ
အောက်တိုဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၈ အဖြစ် လိုက်ပ်ဇစ်နှင့် ဖရိုင်းဘတ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ လိုက်ပ်ဇစ်အသင်းက ပြိုင်ဘက်အား နောက်မှလိုက်ကစားကာ ၃-၁ ဂိုးဖြင့် အနိုင်ပြန်ယူခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် ဖရိုင်းဘတ်အသင်းမှ ဂျပန်လက်ရွေးစင်ကစားသမား ရီဆု ဒိုအန်က ဖြတ်တင်ဘောအား ခေါင်းတိုက်ကာ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့သော် ပွဲချိန် ၄၇ မိနစ်တွင် လိုက်ပ်ဇစ်အသင်းမှ ဝီလီအော်ဘန်က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် လုထ်ရှရယ်လ် ဂီရာထရူဒါက ဦးဆောင်ဂိုးသွင်းယူခဲ့ကာ ပွဲချိန် ၇၉ မိနစ်တွင် အိုပင်ဒါက ပွဲသိမ်းအနိုင်ဂိုးအား သွင်းယူခဲ့သည်။ ယခုပွဲတွင် အနိုင်ရခဲ့သည့် လိုက်ပ်ဇ်အသင်းသည် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ကာ ဖရိုင်းဘတ်အသင်းကမူ အဆင့်-၄ နေရာသို့ ရောက်ရှိသွားသည်။
…..
WTA ကွမ်ကျိုးအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ အိုလ်ဂါ ဒါနီလိုဗစ်နှင့် ကယ်ရိုလိုင်း ဒိုးလ်ဟိုက်တို့ တက်ရောက်
အောက်တိုဘာ ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် WTA ကွမ်ကျိုးအိုးပင်း ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် အိုလ်ဂါ ဒါနီလိုဗစ်နှင့် ကယ်ရိုလိုင်း ဒိုးလ်ဟိုက်တို့က ပြိုင်ဘက်များကို အသီးသီးအနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ဒါနီလိုဗစ်က ကွင်းမာအမျိုးအစားတွင် ယှဉ်ပြိုင်ကစားရသည့် ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆီဒင်-၁ ချက်တင်းနစ်မယ် ကက်ထရီနာ ဆီနီယာကိုဗာအား အကြီတ်အနယ် ယှဉ်ပြိုင်ကစားကာ ၆-၄၊ ၄-၆၊ ၄-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဒိုးလ်ဟိုက်က အီတလီတင်းနစ်မယ် လူစီယာ ဘရွန်ဇက်တီအား ၆-၃၊ ၃-၆၊ ၇-၆ ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)


…………………………
(English Version)
Man City move top to put pressure on rivals
Manchester City moved to the top of the Premier League with a 1-0 win at home to Southampton on Saturday and put the pressure on Liverpool, who visit Arsenal on Sunday.
Erling Haaland slammed the ball into the roof of the Southampton net after just five minutes, but despite a host of chances, Pep Guardiola’s side could not add to the score. The win lifts City two points clear of Liverpool and six ahead of Arsenal, who are fourth after Aston Villa and Bournemouth drew 1-1.
…..
Lewandowski at the double as Barca thrash Real Madrid in Clasico
Robert Lewandowski scored twice, while Lamine Yamal and Raphinha also hit the target as FC Barcelona thrashed Real Madrid 4-0 in the Santiago Bernabeu Stadium on Saturday night.
The win lifts Barca six points clear of Real Madrid at the top of La Liga and also means Real Madrid’s run of 42 La Liga games without defeat comes to an end, one short of Barca’s unbeaten record from the 2017-18 campaign.
…..
Leipzig overpower Freiburg to go top in Bundesliga
Leipzig bounced back from a goal down to beat Freiburg 3-1 and move top of the Bundesliga table in the eighth round on Saturday. Ritsu Doan remained in the thick of things and opened the scoring in the 15th minute when the Japanese international headed Vincenzo Grifo’s cross inside the far post.
Leipzig then began to play more offensively, while Freiburg struggled to create clear-cut chances, and in the 79th minute, they made it 3-1 when Andre Silva’s through ball found Openda, who scored from a tight angle. The win sees Leipzig climb to the top of the Bundesliga table, while Freiburg slip to fourth.
…..
Danilovic, Dolehide reach WTA Guangzhou final
Olga Danilovic and Caroline Dolehide will meet in the WTA Guangzhou Open final after both winning their semifinal here on Saturday.
Danilovic advanced to her first hard-court final after going toe-to-toe with top seed Katerina Siniakova before the Czech retired deep in the third set, 4-6, 6-4, 4-3.
The other semifinal saw Dolehide of the United States overcome Italian Lucia Bronzetti 6-3, 3-6, 7-6(11).