Connect with us

China

သမ္မတ ရှီ ရုရှားနိုင်ငံတွင် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် BRICS ခေါင်းဆောင်များ အထူးပူးတွဲအစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ ကာဇန်မြို့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အောက်တိုဘာ ၂၂ ရက်၌ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
သမ္မတ ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့လည်း လိုက်ပါသွားခဲ့သည်။ (Xinhua)
……………………..
(English Version)
Xi leaves for 16th BRICS Summit in Russia
BEIJING, Oct. 22 (Xinhua) — Chinese President Xi Jinping left Beijing on Tuesday for the 16th BRICS Summit in Kazan, Russia, at the invitation of President of the Russian Federation Vladimir Putin.
Xi’s entourage includes Cai Qi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and director of the General Office of the CPC Central Committee, and Wang Yi, a member of the Political Bureau of the CPC Central Committee and foreign minister.
Photo: Chinese President Xi Jinping delivers a speech at the extraordinary joint meeting of BRICS leaders and leaders of invited BRICS members on the situation in the Middle East with particular reference to Gaza on Nov. 21, 2023. (Xinhua/Huang Jingwen)