Connect with us

China

တရုတ်နိုင်ငံထုတ် LNG ကွန်တိန်နာသင်္ဘောကို ဆိပ်ကမ်းမြို့တွင် လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျန်ရေပြင်တွင် ခုတ်မောင်းနေသော တရုတ်နိုင်ငံထုတ် "MSC Mariacristina" သဘာဝဓာတ်ငွေ့ရည် (LNG) လောင်စာနှစ်မျိုးသုံး ကွန်တိန်နာသင်္ဘောကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လျန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော သဘာဝဓာတ်ငွေ့ရည် (LNG) လောင်စာနှစ်မျိုးသုံးကွန်တိန်နာသင်္ဘောကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်ဆိပ်ကမ်းမြို့၌ အောက်တိုဘာ ၂၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သင်္ဘောတည်ဆောက်သူ Dalian Shipbuilding Industry ကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။
Mediterranean Shipping ကုမ္ပဏီက တည်ဆောက်ထားသော အဆိုပါ သင်္ဘောသည် အလျား ၃၆၆ မီတာ၊ အကျယ် ၅၁ မီတာ၊ ‌ရေစူး ၃၀.၂ မီတာ ရှိကာ ဒီဇိုင်းပုံကြမ်းမှာ ၁၄.၅ မီတာရှိကြောင်း သိရသည်။
၎င်းသင်္ဘောသည် စံချိန်မီကွန်တိန်နာ ၁၆,၀၄၄ ခုနှင့် အအေးခန်းကွန်တိန်နာ ၁,၈၀၀ တင်ဆောင်နိုင်စွမ်းရှိကြောင်း သင်္ဘောတည်ဆောက်သူက ပြောခဲ့သည်။
ထိုသင်္ဘောကို LNG နှင့် ရေကြောင်းလောင်စာဆီတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။ Type-B LNG သိုလှောင်ကန် ၁၃,၀၀၀ ကုဗမီတာ တပ်ဆင်ထားသော အဆိုပါ သင်္ဘောသည် စွမ်းဆောင်မှု ပိုမိုမြင့်မားပြီး သာမန် LNG လောင်စာသိုလှောင်ကန်များထက် လက်တွေ့အသုံးချမှုပိုများပြီး ပုံမှန်ထက် လောင်စာသုံးစွဲမှုပိုမိုနည်းပါးကြောင်း သိရသည်။
ထို့ပြင် သင်္ဘောတည်ဆောက်သူက စီးပွားရေးအကျိုးအမြတ်များနှင့် သင်္ဘော၏ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ဆောင်ချက်များ မြှင့်တင်ရန် ၎င်းသင်္ဘောတွင် အခြားစွမ်းအင်ချွေတာသော ဆောင်ရွက်မှုများလည်း ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China’s self-developed LNG container vessel delivered in port city
DALIAN, Oct. 22 (Xinhua) — China’s self-developed liquefied natural gas (LNG) dual-fuel container vessel was delivered on Monday in northeast China’s port city of Dalian, according to Dalian Shipbuilding Industry Co., Ltd., its builder.
The vessel, built for the Mediterranean Shipping Company, measures 366 meters in length, 51 meters in molded breadth and 30.2 meters in molded depth, and has a design draft of 14.5 meters.
The vessel is capable of carrying 16,044 standard containers and 1,800 refrigerated containers, said the shipbuilder.
The dual-fuel design allows the vessel to be powered by LNG and marine fuel oils. Equipped with a 13,000-cubic-meter Type-B LNG fuel tank, it has a larger capacity and higher utilization rate than traditional LNG fuel tanks and consumes less traditional fuels.
The shipbuilder has applied other energy-saving measures and devices to improve the economic benefits and environmental protection performance of the vessel.
Photo: A drone photo taken on Sept. 27, 2024 shows China’s self-developed liquefied natural gas (LNG) dual-fuel container vessel “MSC Mariacristina” undergoing a sea trial in the waters of Dalian, northeast China’s Liaoning Province. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.