Connect with us

China

သမ္မတ ရှီက မိုဇမ်ဘစ်သမ္မတအဖြစ် ရွေးကောက်ခံရသော ချာပိုထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

မိုဇမ်ဘစ်နိုင်ငံ အင်ဟန်ဘိန်းမြို့၊ မူလတန်းကျောင်းရှိမဲရုံတွင် ဆန္ဒမဲပေးနေသော Frelimo ပါတီ၏ သမ္မတလောင်း ဒန်နီရယ် ချာပိုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မိုဇမ်ဘစ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသော ဒန်နီရယ် ဖရန်စ္စကို ချာပိုထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အောက်တိုဘာ ၂၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို မျှဝေလျက်ရှိကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးဖြစ်ထွန်းစေရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဗဟိုအကျိုးကျေးဇူးများနှင့် အဓိကစိုးရိမ်ပူပန်မှုများနှင့် ဆက်စပ်သည့် ကိစ္စရပ်များအပေါ် အပြန်အလှန်ပံ့ပိုးမှု ခိုင်မာမြဲမြံစေရန် ဦးတည်လျက် နှစ်နိုင်ငံကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုမှာ နက်ရှိုင်းလျက်ရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် တရုတ်-မိုဇမ်ဘစ် ဆက်ဆံရေး တိုးတက်မှုကို လွန်စွာအရေးပါမှုအဖြစ် မှတ်ယူကြောင်း၊ ရွေးကောက်ခံသမ္မတ ချာပိုနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အကောင်အထည်ဖော်ရေး၊ အစဉ်အလာချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ တရုတ်-မိုဇမ်ဘစ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်အဆင့်မြှင့်တင်ရေးအတွက် အတူတကွ လုပ်ဆောင်၍ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလိုကြောင်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
Xi congratulates Chapo on election as Mozambique’s president
BEIJING, Oct. 26 (Xinhua) — Chinese President Xi Jinping on Saturday sent a congratulatory message to Daniel Francisco Chapo on his election as president of the Republic of Mozambique.
Xi pointed out that China and Mozambique share a traditional friendship. In recent years, political mutual trust between the two countries has deepened, leading to fruitful practical cooperation and steadfast mutual support on issues concerning each other’s core interests and major concerns, he said.
Noting that he places great importance on the development of China-Mozambique relations, Xi said he’s willing to work together with president-elect Chapo to implement the outcomes of the Beijing Summit of the Forum on China-Africa Cooperation, promote traditional friendship, deepen mutually beneficial cooperation and continually advance the China-Mozambique comprehensive strategic partnership of cooperation, delivering greater benefits to people of both countries.
Photo: Daniel Chapo, presidential candidate for the ruling party Frelimo, casts his vote at a primary school in Inhambane, Mozambique, Oct. 9, 2024. (Photo by Crespo Cuamba/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.