Connect with us

China

ဥရောပသမဂ္ဂက တရုတ်လျှပ်စစ်ကားများအား စည်းကြပ်ခွန်သတ်မှတ်သည့် ဆုံးဖြတ်ချက်ကို လက်သင့်မခံဟု တရုတ်နိုင်ငံ ပြောကြား

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ ကျင်းပသည့် Automechanika ကားပြပွဲအတွင်း BYD ကားပြခန်းတွင် ဓာတ်ပုံရိုက်နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV) များအား ထပ်တိုးစည်းကြပ်ခွန်များ သတ်မှတ်သည့် ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်အား တရုတ်နိုင်ငံအနေဖြင့် သဘောတူလက်ခံခြင်းမရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (အီးယူ) က တရုတ်လျှပ်စစ်ကားများအား အထောက်အပံ့ရယူမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုသည် လျော်ကန်မှုမရှိသကဲ့သို့ စည်းမျဉ်းနှင့်မညီသော ကိစ္စရပ်အများအပြား ရှိနေကာ မျှတစွာယှဉ်ပြိုင်ခြင်းဟူ၍ ဟန်ဆောင်ပုံဖျက်ထားသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး အစီအမံတစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုကိစ္စရပ်နှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားထံ တင်ပြထားပြီးဖြစ်ကာ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အစီအမံအားလုံးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အီးယူအနေဖြင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများနှင့် ပတ်သက်၍ နှုန်းထားညှိနှိုင်း ဖြေရှင်းရေးအတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်းရေးကို အစဉ်အမြဲ ထောက်ခံအားပေးကာ ယင်းသို့ဖြေရှင်းနိုင်ရန်လည်း အစွမ်းကုန်ကြိုးပမ်း‌ခဲ့ကြောင်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က အလေးအနက်ပြောကြားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်လုံးမှ ပညာရှင်အဖွဲ့များက ဆွေးနွေးညှိနှိုင်းမှု အဆင့်သစ်ကို လုပ်ဆောင်လျက်ရှိသည်။
ဥရောပအနေဖြင့် လက်တွေ့ကျကျ ကိုင်တွယ်ဆောင်ရွက်ရေး၊ ဟန်ချက်ထိန်းညှိရေး မူဝါဒများကို ကျင့်သုံးခြင်းဖြင့် နှစ်ဖက် အဓိကအလေးထားစရာ ကိစ္စရပ်များကို အပြန်အလှန် ထည့်သွင်းစဉ်းစားလျက် တရုတ်နိုင်ငံနှင့်အတူ အပြုသဘောဖြင့် လက်တွဲလုပ်ဆောင်ကာ ကုန်သွယ်ရေး ပဋိပက္ခများ အရှိန်မြင့်တက်မလာအောင် တားဆီးရန် နှစ်ဖက်လုံးက လက်ခံနိုင်သော ဖြေရှင်းနည်းတစ်ရပ် အမြန်ဆုံးရရှိရေးအတွက် ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)


……………………….
(English Version)
China expresses disapproval for EU’s tariff ruling over Chinese EVs
BEIJING, Oct. 30 (Xinhua) — China does not approve of or accept the European Commission’s decision to impose extra tariffs on China-made electric vehicles (EVs), a spokesperson with the Ministry of Commerce said Wednesday.
China has repeatedly pointed out that the EU’s anti-subsidy investigation into Chinese EVs is irrational, fraught with numerous non-compliance issues, and is a protectionist move under the guise of “fair competition,” said the spokesperson in a statement released on the ministry’s website.
China has already appealed to the WTO’s dispute settlement mechanism over the issue, and will continue to take all necessary measures to safeguard the legitimate rights and interests of Chinese enterprises.
Noting that the EU is still willing to continue talks on price commitments for Chinese-made EVs, the spokesperson said China always advocates the resolution of trade disputes through dialogue and consultation, and had made the utmost efforts to this end.
Currently, technical teams from both sides are engaged in a new phase of consultations.
It is hoped that the European side will work constructively with China, following the principles of “pragmatism and balance” and taking into account each other’s core concerns, and strive to reach a mutually acceptable solution as soon as possible to avoid an escalation of trade frictions, according to the spokesperson. Enditem
English Caption
People take pictures at the booth of BYD at the Automechanika in Frankfurt, Germany, Sept. 11, 2024. (Xinhua/Zhang Fan)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.