Connect with us

China

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအား ရည်ရွယ်သော အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ရေးဆိုင်ရာ အပြီးသတ် စည်းမျဉ်းများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အား လေးလေးနက်နက် တောင်းဆိုမှုများ ပြုလုပ်ထားသကဲ့သို့ တုံ့ပြန်ဆောင်ရွက်နိုင်သည့် အခွင့်အရေးလည်းရှိကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံက အမျိုးသားလုံခြုံရေးဟူသည့် အယူအဆကို အလွန်အကျွံကျင့်သုံး၍ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံသော ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ရေး အစီအမံများကို ချမှတ်ခဲ့ကာ ယင်းသည် ဈေးကွက်စီးပွားရေးနှင့် မလျော်ညီသည့် လုပ်ထုံးလုပ်နည်းစစ်စစ် ဖြစ်သည်ဟုလည်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အမေရိကန်၏ ကန့်သတ်မှုများက ချိ(ပ်)ပြား၊ ဉာဏ်ရည်တုနည်းပညာ၊ ကွမ်တမ်ကွန်ပျူတာစနစ် စသည့် နယ်ပယ်များကို ပစ်မှတ်ထားလျက်ရှိကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ ယင်းနယ်ပယ်များနှင့် ဆက်စပ်နေသော လုပ်ငန်းအများစုမှာ အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်မှုမရှိသော်လည်း အမေရိကန်၏ ပိတ်ပင်မှုကြောင့် ယင်းလုပ်ငန်းများအား ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ယင်းသည် တရုတ်နှင့် အမေရိကန် ကုမ္ပဏီများအကြား ပုံမှန်ပြုလုပ်နေသော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိခိုက်စေသည့်အပြင် နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအပေါ် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကြောင့် အမေရိကန်ကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်အား အခြားနိုင်ငံများမှ ပြိုင်ဘက်များလက်သို့ လက်လွှတ်လိုက်ရကာ အမေရိကန်၏ အကျိုးစီးပွားအား အကြီးအကျယ် ထိခိုက်လာမည့်အပေါ် အမေရိကန် စီးပွားရေးအဖွဲ့အစည်းနှင့် ကုမ္ပဏီ အများအပြားက စိုးရိမ်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်ကို တရုတ်နိုင်ငံက သတိပြုမိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဈေးကွက်စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပ‌ဒေများကို လေးစားလိုက်နာကာ စီးပွားရေး၊ ကုန်သွယ်ရေး နယ်ပယ်များတွင် အမျိုးသားလုံခြုံရေး မူဘောင်သတ်မှတ်ချက်များအား သင့်တင့်လျောက်ပတ်စွာ ချမှတ်၍ စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စရပ်များအား နိုင်ငံရေးသဘောသွတ်သွင်းခြင်း၊ လက်နက်သဖွယ် အသုံးချနေခြင်းတို့ကို ရပ်တန့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China strongly opposes U.S. rule on investment restrictions against China
BEIJING, Oct. 30 (Xinhua) — China strongly opposes the U.S. final regulations on investment restrictions aimed at China, a spokesperson with the Ministry of Commerce said on Wednesday.
China has lodged solemn representations with the United States and reserves the right to take action, said the spokesperson in a statement published on the ministry’s website.
The United States has overstretched the concept of national security to adopt discriminatory investment restrictive measures against China, which is a typical non-market practice, the spokesperson said.
The spokesperson noted that the U.S. restrictions target sectors like chips, AI and quantum computing. Most industries related to these fields are not connected to national security, yet they will all be affected by the U.S. ban.
This will disrupt normal economic and trade cooperation between Chinese and U.S. companies, harming the interests of businesses in both countries, the spokesperson said.
China has noticed that many U.S. business associations and companies have expressed concerns that U.S. investment restrictions against China will cause American companies to give up the Chinese market to competitors from other countries, severely damaging U.S. interests, the spokesperson stated.
It is hoped that the United States will respect market economy laws, properly define the boundaries of national security in economic and trade fields, and stop politicizing and weaponizing economic and trade issues, the spokesperson added. Enditem
English Caption
This photo taken on Aug. 4, 2022 shows the White House and a stop sign in Washington, D.C., the United States. (Xinhua/Liu Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.