မြန်မာ-ENG
တရုတ်နိုင်ငံ၌ နေ့စဉ် ရထားစီးခရီးသည်ခရီးစဉ် စံချိန်တင်မြင့်တက်
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ သီတင်းပတ်နှင့်ချီကြာမြင့်သော အမျိုးသားနေ့ အားလပ်ရက်ကာလ၏ ပထမဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်က ရထားစီးခရီးသည် ခရီးစဉ်အရေအတွက် ၂၁.၄၅ သန်းရှိခဲ့ကြောင်း သိရသည်။
ယင်းသည် နေ့စဉ် ရထားစီးခရီးသည် ခရီးစဉ်အရေအတွက် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက် (တရုတ်မီးရထားလုပ်ငန်း) က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့ကာ အောက်တိုဘာ ၂ ရက်တွင်မူ ခရီးစဉ်အရေအတွက်မှာ ၁၈.၂ သန်းသို့ လျော့ကျဖွယ်ရှိကြောင်းလည်း ခန့်မှန်းပြောကြားခဲ့သည်။
စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ၁၀ ရက်ကြာ ခရီးသွားကာလအတွင်း မီးရထားလမ်းကွန်ရက်အနေဖြင့် ခရီးသည်တင်ခရီးစဉ်ပေါင်း ၁၇၅ သန်းကို ကိုင်တွယ်စီမံသွားဖွယ်ရှိကြောင်း သိရသည်။ ခရီးသွားများ၊ ကျောင်းသားများနှင့် မိသားစုများ ပြန်လည်ဆုံစည်းခြင်းတို့က ခရီးသွားလာမှုများကို သိသိသာသာမြင့်တက်လာစေရန် တွန်းအားပေးလျက်ရှိသည်။
တရုတ်နိုင်ငံတွင် လည်ပတ်အသုံးပြုလျက်ရှိသော စုစုပေါင်း ရထားလမ်းအလျားမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ ကီလိုမီတာ ၁၆၀,၀၀၀ ကျော် ရှိလာခဲ့ကာ တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်ရှိ မြို့နှစ်မြို့အား ဆက်သွယ်ထားသော ရထားလမ်းပိုင်းတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့သည်။
တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ လည်ပတ်အသုံးပြုလျက်ရှိသော ခရီးအကွာအဝေးမှာ ကီလိုမီတာ ၄၆,၀၀၀ ရှိလာသည့်အတွက် ကမ္ဘာပေါ်တွင် နံပါတ်-၁ ဖြစ်ကာ အခြားနိုင်ငံအားလုံး၏ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် စုစုပေါင်းထက် သာလွန်လျက်ရှိကြောင်း တရုတ်မီးရထားလုပ်ငန်း၏ အဆိုအရ သိရသည်။
လက်ရှိတွင် မီးရထားလမ်းကွန်ရက်အား တရုတ်နိုင်ငံ၏ မြို့ပြဧရိယာ အများအပြား၌ အသုံးပြုလျက်ရှိကာ လူဦးရေ ၂၀၀,၀၀၀ အထက်ရှိသော မြို့များ၏ ၉၉ ရာခိုင်နှုန်းကို လွှမ်းခြုံလျက်ရှိပြီး မြန်နှုန်းမြင့်ရထားလမ်းမှာမူ လူဦးရေ ၅၀၀,၀၀၀ အထက်ရှိသော မြို့များ၏ ၉၆ ရာခိုင်နှုန်းကို လွှမ်းခြုံလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
China sees record-breaking daily passenger trips
BEIJING, Oct. 2 (Xinhua) — The number of railway trips made by Chinese passengers hit 21.45 million on Tuesday, the first day of the weeklong National Day holiday.
This marks a record-high number of daily railway passenger trips, the China State Railway Group Co., Ltd. (China Railway) said on Wednesday, forecasting that the number will go down to 18.2 million on Wednesday.
The railway network is expected to handle 175 million passenger trips during the 10-day holiday travel rush from Sept. 29 to Oct. 8. Tourists, family reunions and students are driving the surge in travel.
The total length of operational rail tracks in China surpassed 160,000 km in September 2024, with the inauguration of a section linking two cities in south China’s Guangdong Province.
The operating mileage of China’s high-speed railway (HSR) has reached 46,000 kilometers, ranking first in the world and surpassing the combined total of all other countries’ HSR networks, according to China Railway.
The railway network now serves a vast portion of China’s urban areas, covering 99 percent of cities with populations over 200,000, while HSR serves 96 percent of cities with more than 500,000 residents. Enditem
(English Caption)
Passengers line to check in at Shanghai Railway Station in Shanghai, east China, Sept. 29, 2024. (Xinhua/Wang Xiang)