Connect with us

China

ယခုလအတွင်း အာကာသစခန်းဆီသို့ အာကာသယာဉ်မှူး အဖွဲ့သစ်တစ်ဖွဲ့အား တရုတ်နိုင်ငံ စေလွှတ်မည်

ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများဖြစ်သည့် လီချုံး (အပေါ်) နှင့် ရဲ့ကွမ်းဖူတို့ အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှုများ လုပ်ဆောင်နေပုံကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာမှ ဖမ်းယူရရှိသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ရှန်ကျိုး-၁၉ လူလိုက်ပါသော အာကာသယာဉ်အား လွှတ်တင်ရန်နှင့် အောက်တိုဘာနှောင်းပိုင်းတွင် ကမ္ဘာမြေဆီသို့ ပြန်လည်ရောက်ရှိလာမည့် ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများအား ကြိုဆိုရန် စီစဉ်ထားသည်ဟု တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီ၏ အဆိုအရ သိရသည်။
ဂြိုဟ်ပတ်လမ်းအတွင်း လှည့်ပတ်နေသော တရုတ်နိုင်ငံ၏ ထျန်းကုန်းအာကာသစခန်းရှိ ရှန်ကျိုး-၁၈ အဖွဲ့သားများအနေဖြင့် ယခုလအတွင်း ၎င်းတို့၏ ၆ လကြာ အာကာသမစ်ရှင် ပြီးမြောက်မည်ဖြစ်သဖြင့် ကမ္ဘာမြေဆီသို့ ပြန်လာမည့် ခရီးစဉ်ကို စတင်မည်ဖြစ်ကြောင်း ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သော အဆိုပါ အာကာသအေဂျင်စီ၏ အောက်တိုဘာ မစ်ရှင်စီမံချက်အရ သိရသည်။
ရှန်ကျိုး-၁၈ အာကာသမစ်ရှင်အဖွဲ့တွင် အမျိုးသားအာကာသယာဉ်မှူး ၃ ဦးဖြစ်သည့် ရဲ့ကွမ်းဖူ၊ လီချုံးနှင့် လီကွမ်ဆူးတို့ ပါဝင်ကာ ၎င်းတို့အဖွဲ့အား ဧပြီ ၂၅ ရက်က အာကာသထဲသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သီတင်းပတ်နှင့်ချီကြာမြင့်သော အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ရှန်ကျိုး-၁၈ အဖွဲ့သားများက အလုပ်လုပ်ချိန်နှင့် နားနေချိန်အား ပုံမှန်အတိုင်း အစီအစဉ်တကျဖြစ်အောင် ဟန်ချက်ညီညီထိန်းညှိရန် ကြိုးပမ်းလျက်ရှိသည်။ သို့ရာတွင် ၎င်းတို့၏ အချိန်အများစုအား သိပ္ပံဆိုင်ရာ လက်တွေ့သုတေသန လုပ်ဆောင်ခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ အသစ်ရောက်ရှိလာမည့် အဖွဲ့အတွက် ပြင်ဆင်ခြင်းနှင့် လုပ်ငန်းတာဝန် လွှဲပြောင်းခြင်း အပါအဝင် များပြားလှသော အလုပ်တာဝန်များအတွက်သာ ကုန်ဆုံးလျက်ရှိသည်။
ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများက လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် မကြာမီ ပြန်လည်ဆုံစည်းနိုင်တော့မည် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်ဟု China Media Group က မကြာမီက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းအရ သိရသည်။ အခန်းများအား သန့်ရှင်းရေးလုပ်ကာ မိတ်ဆုံစားပွဲအတွက် ပြင်ဆင်ထားပြီး အသစ်ရောက်လာသူများအဖို့ သက်သောင့်သက်သာဖြစ်စေရန် စီစဉ်ပေးမည်ဟုလည်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)


……………………..
(English Version)
China to launch new crew to space station this month
BEIJING, Oct. 3 (Xinhua) — China is scheduled to launch the Shenzhou-19 crewed spaceship and welcome the Shenzhou-18 taikonauts back to Earth in late October, according to the China Manned Space Agency.
According to the agency’s October mission plan released this week, the Shenzhou-18 crew, who are on board China’s orbiting Tiangong space station, will complete their six-month space mission this month and embark on the journey back.
The Shenzhou-18 crew consists of three male taikonauts — Ye Guangfu, Li Cong and Li Guangsu. The crew was launched into space on April 25.
During the week-long National Day holiday, the Shenzhou-18 crew is striving to maintain a regular, orderly work-life balance. However, their time is mostly occupied by a heavy workload, including scientific experiments, data collection, and preparation for the arrival of the new crew and handover work.
According to recent footage released by the China Media Group, the three Shenzhou-18 taikonauts expressed their excitement for the upcoming “reunion” in the space station. They said they would clean up the “rooms,” prepare “reunion meals,” and make sure the newcomers “feel at home.” Enditem
English Caption
This screen image captured at Beijing Aerospace Control Center on July 3, 2024 shows Shenzhou-18 astronauts Li Cong (above) and Ye Guangfu performing extravehicular activities. (Xinhua/Guo Zhongzheng)