Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ငါးမျိုးစိတ်အသစ်အား ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်းမှ ငါးမျိုးစိတ်အသစ်တစ်မျိုးဖြစ်သည့် Opsariichthys iridescens အား ရက်စွဲဖော်ပြထားခြင်းမရှိသော ဓာတ်ပုံ၌တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် Opsariichthys iridescens ဟု အမည်ရသော အရောင်အသွေးလှပသည့် ငါးမျိုးစိတ်အသစ်တစ်မျိုးအား တရုတ်သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သုတေသနလုပ်ဆောင်မှုမှ ရှာဖွေတွေ့ရှိချက်များက အဆိုပါ ငါးမျိုးစိတ်သည် မျိုးစုတူငါးများနှင့် သွင်ပြင်လက္ခဏာချင်း ကွာခြားပုံကို ဖော်ပြထားကာ ယင်းသွင်ပြင်လက္ခဏာများအား မျိုးဗီဇကို အခြေပြု၍ မျိုးစိတ်အလိုက် ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လေ့လာချက်အရ အခိုင်အမာသက်သေပြထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ဂျာနယ်ဖြစ်သည့် Zookeys က လတ်တလော ထုတ်ဝေခဲ့သည့် ဂျာနယ်တစ်စောင်၌ အဆိုပါ လေ့လာတွေ့ရှိမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းသုတေသန လုပ်ဆောင်မှုအား Shanghai Ocean တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ရန်ကျင်းချွန်းက ဦးဆောင်ခဲ့ကာ ကျဲ့ကျန်းပြည်နယ် သစ်တောသယံဇာတ စောင့်ကြည့်ရေးစင်တာနှင့် အခြားအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မျိုးစိတ်အသစ်အား ၁၄ ရာခိုင်နှုန်းကျော် မျိုးဗီဇကွဲပြားမှုရှိသည့် ၎င်းနှင့်နီးစပ်သော မျိုးစိတ်များနှင့် ခွဲခြားသိရှိနိုင်ကြောင်း သုတေသန လေ့လာတွေ့ရှိချက်များအရ သိရသည်။ ယင်းမျိုးစိတ်အသစ်အား ကျဲ့ကျန်းပြည်နယ်ရှိ Qiantang နှင့် Oujiang မြစ်ကြောင်းစနစ်များ၊ Qiantang မြစ်အနီးရှိ ယန်ဇီမြစ်အောက်ပိုင်းမှ မြစ်လက်တက်များအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရေစီးသန်သော မြစ်များ၊ ချောင်းများထဲတွင် နေထိုင်ကျက်စားသည့် Opsariichthys iridescens အပါအဝင် မျိုးစိတ်အသစ်အချို့အား ရှာဖွေတွေ့ရှိခြင်းက ၎င်းဒေသရှိ ရေချိုငါးမျိုးစိတ်များ၏ အမျိုးထွေပြားမှုအား လျှော့တွက်ထားဆဲဖြစ်ကြောင်းကို ညွှန်ပြနေသည်ဟု ရန်က ဆိုသည်။
ချောင်းအတွင်းနေထိုင်သော ထိုငါးမျိုးစိတ်များသည် ရေကြက်နှင့် အခြားသတ္တဝါများအတွက် အစာအရင်းအမြစ်များဖြစ်ကာ အာဟာရစက်ဝန်းနှင့် မြစ်ရေသန့်စင်မှုအတွက်လည်း အထောက်အကူပြုလျက်ရှိကြောင်း ရန်က ပြောကြားခဲ့သည်။
ယင်းငါးမျိုးစိတ်များအား ကာကွယ်စောင့်ရှောက်ခြင်းက အဏ္ဏဝါဂေဟစနစ်များ၏ ဟန်ချက်ညီမှုအား ထိန်းသိမ်းရာတွင် အလွန်အရေးပါသကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရာတွင် အထောက်အကူပြုလျက်ရှိကာ ဂေဟခရီးသွားလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းရေးကိုလည်း အားပေးလျက်ရှိကြောင်း ရန်က ပြောကြားခဲ့သည်။ (Xinhua)


……………………….
(English Version)
New fish species found in east China
HANGZHOU, Oct. 3 (Xinhua) — Chinese researchers have discovered a new species of fish, Opsariichthys iridescens, in east China, which features beautiful colors.
The research findings describe how the species is distinguished from congeners by morphological features, which have been validated through gene-based phylogenetic analysis.
The discovery was published in a recent edition of the international academic journal Zookeys. The research was led by Yang Jinquan, a professor at Shanghai Ocean University, in collaboration with the Zhejiang Forest Resource Monitoring Center and other institutions.
The new species can be distinguished from its closely related species with a genetic divergence of over 14 percent, according to the research findings. The new species is found in the Qiantang and Oujiang River systems in Zhejiang Province and the tributaries of the lower Yangtze River adjacent to the Qiantang River.
Yang said that the discovery of several new species living in fast-flowing rivers or streams including Opsariichthys iridescens, indicates that the diversity of freshwater fish species in the region is still underestimated.
According to Yang, these stream fish species are food resources for waterfowl and other animal, contributing to the nutrient cycling and water purification of rivers.
Yang said protecting these fish species is essential to maintaining the balance of aquatic ecosystems, which helps to maintain biodiversity and promote the sustainable development of ecotourism and fisheries. Enditem
English Caption
This undated file photo shows Opsariichthys iridescens, a new species of fish, in east China. (Xinhua)