Connect with us

International Organizations

မန်ချက်စတာယူနိုက်တက်အသင်း သရေကျခဲ့ပြီး ထိပ်ဆုံးသုံးသင်းလုံး အနိုင်ရခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၇ ပွဲပြီးသုံးသပ်ချက်

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်း၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာယူနိုက်တက်နှင့် လီဗာပူးလ်အသင်းတို့၏ ပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် အက်စတွန်ဗီလာအသင်းတို့၏ ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်၏ အနာဂတ်မှာ မ‌ရေမရာဖြစ်လာခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပုံစံကောင်းပြနေသလို ပြည်တွင်းလိဂ်၌လည်း အမြင့်ပျံနေသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရာတွင် သရေတစ်မှတ် ရယူနိုင်ခြင်းက ဆိုးရွားသော ရလဒ်မဟုတ်သော်လည်း တန်ဟက်အနေဖြင့် ထိုပွဲစဉ်၌ အနိုင်ရလဒ်ကိုသာမက ကျေနပ်စရာ ကစားဟန်ကို ပြသရန်လည်း အရေးတကြီး လိုအပ်နေခြင်းဖြစ်သည်။
ထိုပွဲစဉ်၌ နှစ်သင်းလုံး၏ ကစားပုံမှာ ငြီးငွေ့စရာဖြစ်ခဲ့ပြီး ဗီလာအသင်းက ဂိုးသွင်းခွင့် ပိုမိုဖန်တီးနိုင်ခဲ့သော်လည်း ယူနိုက်တက်က ဂိုးရလုနီးပါးဖြစ်ခဲ့ကာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်၏ ဖရီးကစ်ကန်ချက်မှာ ဂိုးဘားတန်းနှင့်ထိမှန်ခဲ့သည်။ ယူနိုက်တက်၏ ပူးတွဲပိုင်ရှင် ဂျင်ရက်ကလစ်ဖ်က ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်၏ အနာဂတ်နှင့်ပတ်သက်၍ ယခုသီတင်းပတ်အစောပိုင်းက ရေရေရာရာမရှိသည့် မှတ်ချက်စကားများ ပြောဆိုထားခြင်းကြောင့် ထိုရလဒ်မှာ တန်ဟက်အနေဖြင့် နည်းပြရာထူး၌ဆက်ရှိနိုင်ရန် လုံလောက်မှုမရှိပေ။ ထို့ပြင် ယူနိုက်တက်အနေဖြင့် ပရီးမီးယားလိဂ်၌ ဂိုးမသွင်းနိုင်သည်မှာ မိနစ် ၃၀၀ ကျော် ရှိလာပြီဖြစ်သည်။
နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ချဲလ်ဆီးနှင့် နော့တင်ဟမ်ဖောရက်စ်အသင်းတို့၏ ပွဲစဉ်၌ ခြေစွမ်းပြနေသည့် နော့တင်ဟမ်အသင်းက ချဲလ်ဆီးအသင်း၏အိမ်ကွင်း စတမ်းဖို့ဘရစ်ဂျ်၌ ရမှတ်တစ်မှတ်ခွဲယူနိုင်ခဲ့ပြီး ၁-၁ ဂိုး ရလဒ်ထွက်‌ပေါ်ခဲ့သည်။ ထိုပွဲစဉ်၌ နှစ်သင်းလုံးမှ ဂိုးသမားများက အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး အလွန်ကောင်းမွန်သည့် ဂိုးပေါက်ကာကွယ်မှုများကို ပြုလုပ်ခဲ့သည်။
ပွဲကစားချိန် ၄၉ မိနစ်တွင် ခရစ်စ်ဝုဒ်က နော့တင်ဟမ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ၈ မိနစ်အကြာတွင် ချဲလ်ဆီးအသင်းမှ နိုနီ မာဒူကီက ကိုးလ်ပါလ်မာ၏ ဖန်တီးမှုမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် နော့တင်ဟမ်အသင်းမှ ဂျိမ်းစ် ဝက်ဒ်ပရောက်စ်က နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲကစားချိန် ၁၂ မိနစ်နှင့် ထပ်ဆောင်းအချိန်ပို ၁၃ မိနစ်အထိ တစ်ယောက်လျော့ဖြင့် သရေရလဒ်အား ထိန်းထားနိုင်ခဲ့သည်။
တော့တင်ဟမ်အသင်းနှင့် ဘရိုက်တန်အသင်းတို့၏ ပွဲစဉ်၌ တော့တင်ဟမ်က ပထမပိုင်းတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ နည်းပြ အိန်းဂျ်ပေါ့စတီကိုဂလူ၏ တော့တင်ဟမ်အသင်းက ပထမပိုင်း ၄၅ မိနစ်တွင် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဘရန်နန်ဂျွန်ဆင်၊ ဂျိမ်းစ်မက်ဒီဆင်တို့၏ သွင်းဂိုးများဖြင့် ဦးဆောင်ထားခဲ့သည်။
သို့သော် ပွဲချိန်ဒုတိယပိုင်းတွင် ဘရိုက်တန်အသင်းဘက်၌ ပါဗစ်စ် အက်စတူပီနန် လူစားဝင်လာပြီးနောက် ဘရိုက်တန်အသင်း၏ကစားပုံ ပိုမိုအသက်ဝင်လာခဲ့ပြီး ယန်ကူဘာ မင်တာနှင့် ဂျော်ဂျီနီယို ရက်တာတို့က ချေပဂိုးများ သွင်းယူပေးခဲ့ကာ ဒန်နီဝဲဘက်ခ်က ပွဲချိန် ၆၆ မိနစ်တွင် အနိုင်ဂိုးသွင်းယူခဲ့သည်။
အောက်တိုဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် လီဗာပူးလ်၊ မန်ချက်စတာစီးတီးနှင့် အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီရခဲ့သော်လည်း အလွယ်တကူ အနိုင်ရခဲ့ခြင်းမဟုတ်ပေ။
လီဗာပူးလ်အသင်းက ပွဲချိန် ၉ မိနစ်တွင် ဒီယိုဂို ဂျိုတာ၏ သွင်းဂိုးဖြင့် ခရစ္စတယ်ပဲလေ့စ်အသင်းအား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲစဉ်၌ တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိသည့် လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်၏ နေရာတွင် တတိယဂိုးသမား ဗီတက်ဇ်ဆလက်ဗ် ဂျရော့စ်က ပွဲဦးထွက် ပါဝင်ကစားခဲ့သည်။
မန်ချက်စတာစီးတီးအသင်းနှင့် ဖူလ်ဟမ်အသင်း၏ ပွဲစဉ်တွင် ဧည့်သည်ဖူလ်ဟမ်အသင်းက ပွဲချိန် ၂၆ မိနစ်၌ အန်ဒရေ ပါရဲရား၏ သွင်းဂိုးဖြင့် ဦးဆောင်ထားခဲ့ပြီး မန်စီးတီးအသင်းမှ မတ်တီယို ကိုဗာချစ်က ချေပဂိုးနှင့် ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့ကာ ဂျရယ်မီ ဒိုကူက တတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။ သို့သော် ရိုဒရီဂို မူနစ်ဇ်က ပွဲချိန် ၈၈ မိနစ်တွင် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ခြင်းကြောင့် မန်စီးတီးအသင်းအဖို့ ပွဲပြီးခါနီး အခိုက်အတန့်များက စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။
အာဆင်နယ်နှင့် ဆောက်သမ်တန်အသင်းတို့၏ ပွဲစဉ်တွင် ဆောက်သမ်တန်ကစားသမား ကင်မရွန်း အာချာက ပွဲချိန် ၅၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ဘူကာယို ဆာကာ၏ ဖန်တီးမှုမှတစ်ဆင့် ကိုင်ဟားဗက်ဇ်က မိနစ်အနည်းငယ်အတွင်း ချေပဂိုးပြန်သွင်းခဲ့သည်။ ထို့နောက် ဆာကာက ဂါဘရီရယ် မာတင်နယ်လီ၏ သွင်းဂိုးကို ဖန်တီးပေးခဲ့သလို ပွဲချိန် ၈၈ မိနစ်တွင်လည်း အနိုင်သေချာစေမည့် တတိယဂိုးအား ကိုယ်တိုင်သွင်းယူခဲ့သည်။
ဝက်စ်ဟမ်းအသင်းကလည်း အိမ်ကွင်း၌ အစ်ဆွစ်ချ်တောင်းအား ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ နည်းပြ ဂျူလန် လိုပယ်တယ်ဂီအတွက် ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ဖြစ်လာခဲ့သည်။
လက်စတာစီးတီးနှင့် ဘုန်းမောက်အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင်လက်စတာအသင်းက ဖာကွန်ဒို ဘိုနာနော့၏ ပွဲချိန် ၁၆ မိနစ် သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ယင်းသည် လက်စတာအသင်းအတွက် ယခုရာသီ၌ ပထမဆုံးနိုင်ပွဲလည်းဖြစ်သည်။
ဘရန့်ဖို့ဒ်နှင့် ဝုဗ်အသင်းတို့၏ ပွဲစဉ်တွင် နှစ်ဖက် သွင်းဂိုးများခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ကာ ပွဲအပြီးတွင် ဘရန့်ဖို့ဒ်က ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဲဗာတန်နှင့် နယူးကာဆယ်အသင်းတို့၏ ပွဲစဉ်တွင်မူ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး နှစ်သင်းလုံးက အပိုင်အခွင့်အရေး အနည်းငယ်သာ ဖန်တီးနိုင်ခဲ့သည်။ (Xinhua)


……………………….
(English Version)
Review: Ten Hag in trouble after Man Utd draw while top three win in Premier League
LONDON, Oct. 6 (Xinhua) — Manchester United coach Erik ten Hag’s future is uncertain following his team’s 0-0 draw away to Aston Villa on Sunday.
While a draw against a high-flying Premier League rival with strong Champions League performances might not seem poor, Ten Hag urgently needed both a win and a convincing display.
Both sides looked flat in the game, with Villa creating more chances, although United almost scored when Bruno Fernandes’ shot hit the bar. This result does little to secure Ten Hag’s position, especially after United’s joint-owner Jim Ratcliffe made non-committal comments about the Dutchman’s future earlier this week. Additionally, the team has not scored a Premier League goal in over 300 minutes.
An impressive Nottingham Forest held Chelsea to a 1-1 draw at Stamford Bridge in a match where both goalkeepers were the standout performers with a series of impressive saves.
Chris Wood put Forest ahead in the 49th minute, but Cole Palmer then set up Noni Madueke for the equalizer eight minutes later. Forest then held on for the last 12 minutes of regular time and 13 minutes of added time after James Ward-Prowse was sent off for a second yellow card.
Tottenham fell apart in the second half to suffer a 3-2 defeat away to Brighton after having led 2-0 at halftime. Ange Postecoglou’s side was excellent in the first 45 minutes, leading through goals from Brennan Johnson and James Maddison.
However, Pervis Estupinan’s entry as a second-half substitute sparked life into Brighton, who equalized with goals from Yankuba Minteh and Georginio Rutter before Danny Welbeck secured victory in the 66th minute.
Saturday’s matches saw Liverpool, Manchester City and Arsenal all win, although none of them had things easy.
Liverpool remain top after Diogo Jota’s ninth-minute goal gave them a 1-0 win away to a spirited Crystal Palace, in a match that saw third-choice goalkeeper Vitezslav Jaros make his debut after Alisson was sidelined with a hamstring injury.
Manchester City had to recover after falling behind to Andreas Pereira’s 26th-minute opener for Fulham, with Mateo Kovacic scoring twice before Jeremy Doku added another. Rodrigo Muniz’s 88th-minute goal gave City some nervous moments toward the end.
Cameron Archer’s 56th minute shot put Southampton ahead at Arsenal, but Kai Havertz quickly leveled after Bukayo Saka’s assist. Saka then assisted Gabriel Martinelli for Arsenal’s second and scored the third in the closing minutes.
West Ham won 4-1 at home to Ipswich Town, giving Julen Lopetegui his first home win as Hammers boss.
Facundo Buonanotte’s 16th-minute goal gave Leicester City their first win of the season as they beat Bournemouth 1-0.
Brentford piled the pressure onto Wolves in a thrilling 5-3 win. Finally, Everton and Newcastle United drew 0-0 in a tense game with few clear chances. Enditem
English Caption
Manchester United’s manager Erik ten Hag makes notes during the English Premier League match between Manchester United FC and Liverpool FC at Old Trafford in Manchester, Britain, on Sept. 1, 2024. (Xinhua)