Connect with us

China

တရုတ်နိုင်ငံနှင့် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများ တယ်လီဖုန်းဖြင့်ဆွေးနွေး

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်း၌ ပြုလုပ်သော ၁၄ ကြိမ်‌မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC)၊ ဒုတိယအကြိမ် စီးပွားရေးဆိုင်ရာ အစည်းအဝေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်နှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရေမွန်ဒိုတို့က အောက်တိုဘာ ၈ ရက်၌ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ဆန်ဖရန်စစ္စကို အစည်းအဝေး၌ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ခေါင်းဆောင်နှစ်ဦးအကြား ရရှိခဲ့သည့် အရေးပါသော တူညီဆန္ဒများအား အကောင်အထည်ဖော်ရေးကို အဓိကထားလျက် စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်အကြား ပွင့်လင်း၍ လက်တွေ့ကျပြီး ခြေခြေမြစ်မြစ်ရှိသော ‌ ပြောဆိုဆက်ဆံမှုများကို ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ တယ်လီဖုန်းဖြင့် ဆွေးနွေးမှုမှာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှစ်ရပ်အကြား ဆက်သွယ်ရေးယန္တရား၏ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဆန်ဖရန်စစ္စကို အစည်းအဝေးက တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးတက်ကောင်းမွန်စေရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများက အဆင့်အသီးသီး၌ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ မတူကွဲပြားမှုများကို စီမံကိုင်တွယ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ သက်ဆိုင်ရာ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင် အပြုသဘောဆောင်သည့် တိုးတက်မှုများ ဖြစ်ထွန်းခဲ့ကြောင်း ဝမ်က ဆိုသည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးက နှစ်နိုင်ငံဆက်ဆံရေးအတွက် ဟန်ချက်ထိန်းညှိပေးသည့်အရာ ဖြစ်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေတည်လျက် ဆန်ဖရန်စစ္စကို အစည်းအဝေး၌ ရရှိခဲ့သော တူညီဆန္ဒများကို အတူတကွ အကောင်အထည်ဖော်ရေး၊ တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအတွက် အမေရိကန်နိုင်ငံနှင့်အတူ ကြိုးပမ်းသွားရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိပါကြောင်း ဝမ်က ပြောကြားခဲ့သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒနှင့် တရုတ်နိုင်ငံ၏ ကွန်ရက်ချိတ်ဆက် မော်တော်ကားများအား ကန့်သတ်ပိတ်ပင်မှုများကို အလေးအနက်စိုးရိမ်ကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်၌ အမျိုးသားလုံခြုံရေးဆိုင်ရာ စည်းမျဉ်းဘောင်များက ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်၏ လုံခြုံမှုနှင့် တည်ငြိမ်မှုတို့ကို ထိန်းသိမ်းကာ နှစ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အပံ့ဖြစ်စေမည့် မူဝါဒ အခင်းအကျင်းတစ်ခုအား ဖန်တီးရာတွင် အထောက်အကူပြုသည့်အလျောက် ထိုစည်းမျဉ်းဘောင်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားရန် လိုအပ်ကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ စိုးရိမ်မှုများအပေါ် အလေးအနက်ထားရန်၊ တရုတ်ကုမ္ပဏီများအ‌ပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ချက်ချင်းရုပ်သိမ်းပေးရန်၊ အမေရိကန်နိုင်ငံရှိ တရုတ်ကုမ္ပဏီများအတွက် စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်လည်း တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

…………………….
(English Version)
Chinese commerce minister, U.S. commerce secretary hold phone talk
BEIJING, Oct. 8 (Xinhua) — China’s Commerce Minister Wang Wentao held a telephone talk with U.S. Commerce Secretary Gina Raimondo on Tuesday, according to China’s Ministry of Commerce.
The two sides conducted candid, in-depth and pragmatic communication on economic and trade issues of respective concern, with a focus on the implementation of the important consensus reached between the two heads of state of China and the United States at the San Francisco meeting.
The phone conversation is an arrangement under the communication mechanism between the two commerce departments.
The San Francisco meeting has pointed out direction for the development of the China-U.S. economic and trade relations, said Wang.
The commerce departments of the two countries have maintained close contact at different levels, said Wang, adding that positive progress has been made in expanding cooperation, managing differences, and addressing specific concerns of enterprises.
China-U.S. economic and trade relations should become the “ballast” in bilateral relations, he said.
Wang said that China is willing to work with the United States on the basis of mutual respect, peaceful coexistence, and win-win cooperation to jointly implement the consensus reached at the San Francisco meeting, and put China-U.S. relations back on the right track.
Wang expressed serious concerns about the U.S. semiconductor policy towards China and the restrictions on Chinese connected vehicles.
It’s necessary to clarify the national security boundaries in the economic and trade field, as it is conducive to maintaining the security and stability of the global industrial and supply chains, and creating a favorable policy environment for cooperation between the business communities from the two countries, Wang stressed.
China urges the U.S. side to pay attention to the specific concerns of Chinese enterprises, promptly lift sanctions on Chinese companies, and improve the business environment for Chinese companies in the United States, Wang said. Enditem
English Caption
Wang Wentao, minister of commerce, speaks at a press conference on economy for the second session of the 14th National People’s Congress (NPC) in Beijing, capital of China, March 6, 2024. (Xinhua/Li Xin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.